"လွမ်းရိပ် ငါတို့လမ်းခွဲရအောင်"
"ဘာပြောတာလဲ ဆိုင်း ။လာနောက်နေတာလား"
"ငါနောက်နေတာမဟုတ်ဘူး လွမ်းရိပ် ငါတို့ဒီမှာအဆုံးသတ်ရအောင်"
ခွပ်
"မင်းဘာတွေအရှုးထနေတာလဲ မနက်ဖြန်ဆိုငါတို့ရဲ့တစ်နှစ်ပြည့်လေ။ဒါမင်းပေးတဲ့ လက်ဆောင်လား"
လွမ်းရိပ်နားကျည်းစွာဖြင့် မေးလိုက်မိတယ်။တွဲတဲ့တစ်နှစ်အတွင်းမှာ မိဘတွေနဲ့အဆင် မပြေဖြစ်ခဲ့တာတောင်ချစ်လွန်းလို့ မိဘတွေရဲ့စကားကိုနားမထောင်ဘဲ အဖြေ
ပြန်ပေးခဲ့တာ။"ငါအတွက်ရော မင်းကြောင့် မင်းဒယ်ဒီအခုဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့လဲ မင်းသိလား!ဆိုပြီး မေးလိုက်ချင်ပေမယ့် ဆိုင်း ပြောမထွက်ခဲ့။
"ဆိုင်း ဒီနေရာမှာ မင်းနဲ့ငါစသိခဲ့တာ ၊မင်းငါ့ကိုချစ်ရေးဆိုခဲ့တာလဲ ဒီနေရာမှာ အခုတစ်ခေါက် လမ်းခွဲဖို့ပြောတာ
ငါဒီနေရာကို ထပ်မလာရဲအောင် ဒီနေရာလေးကို အမှတ်တရတွေဖြစ်အောင် မင်း ..မင်းလုပ်ရက်တယ်"
လွမ်းရိပ် သူ့ကိုလက်ညိုးထိုးပြီး ပြောနေပေမယ့် ရင်ထဲမှာ တကယ်နာတယ်။
"လွမ်းရိပ် မင်းပြောတာကိုငါလက်ခံတယ် ။ဟုတ်တယ်ဒီနေရာကို နောက်ထပ်မင်းမလာနိုင်အောင် ငါလုပ်ပေး
တာ ငါတို့ဒီနေ့မှာ သူစိမ်းအဖြစ် ပြောင်းကြတာပေါ့"လွမ်းရိပ် သူ့ရှေ့ကနေ လှည့်ထွက်တာနဲ့ မျက်ဝန်းအိမ်ကမျက်ရည်တွေက အလုအယက် ကျဆင်းလာတယ်။ရင်ဘက်တွေကလဲတအား နာတယ်။ဘာလို့ ငါ့လှည့်မှဖြစ်နေရတာလဲ။ငါ သူ့ကိုအရမ်းချစ်ခဲ့တာပါ။ငါသူ့ကိုဘယ်လိုမေ့နိုင် ရမှာလဲ ။
လွမ်းရိပ် ပန်းခြံထဲကခုံလေးပေါ်မှာထိုင်ပြီး ကလေးတစ်ယောက်လို ငိုနေမိတယ်။မိုးတွေကလဲ သူနဲ့အပြိုင်ရွာပေး နေတယ်။ "မနက်ဖြန်ဆိုတာ ငါ့အတွက်
တော့ငရဲလိုဘဲ ဆိုင်းကမ္ဘာ မင်းကိုငါမုန်းတယ်။မင်းငါ့ရဲ့အချစ်ကို ရယူဖို့ ကြိုးစားခဲ့သလို မင်းမရခဲ့တဲ့ အမုန်းတွေငါပေးပါ့မယ်"လွမ်းရိပ်ငိုနေတာကို အလှမ်းဝေးကနေ ဆိုင်းရပ်ကြည့်နေမိတယ် ။ထီးမပါဘဲ ကလေးတစ်ယောက်လိုငိုနေတဲ့
ရိပ်လေး အရင်ကဆိုသွားချော့ပေမယ့် အခုချိန်သူသွားလို့မရ။ရိပ်လေးရဲ့ ဒယ်ဒီကို ကတိပေးထားတာကြောင့်ရိပ်လေး သူ့ကိုမုန်းနေဖို့လိုတယ်။