ဒေါက် ...ဒေါက်..ဒေါက်
ဒေါ်ကေသီခြယ် သားဖြစ်သူ အခန်းရှေ့မှ တံခါး
ခေါက်ပြီး ခနအကြာမှာတော့ တံခါးက ပွင့်လာသည်။အခုမှ အိပ်ရာနိုးကာစ ဖြစ်တဲ့သားလေးက အသက်22 ဆိုပေမယ့် ဒေါ်ကေသီခြယ် မျက်လုံးထဲမှာတော့ငါးနှစ်ကလေး လိုပင်။
“မာမီ ဘာဖြစ်လို့လဲဟင် ဝှား....”
“ဘာမှ မဖြစ်ပါဘူးကွယ်။သားလေး အောက်ဆင်းမလာတော့ သားဒယ်ဒီက နေမကောင်းဘူး ထင်နေ တာ”
“အာ...ဟုတ်တယ် ဟီး သားညက ဂိမ်းဆော့တာ အိပ်ယာဝင်နောက်ကျသွားလို့”
“ဟုတ်ပါပြီကွယ် သားဒယ်ဒီက ဒီနေ့ သားကိုခိုင်းစရာရှိလို့တဲ့။အောက်ဆင်း ခဲ့အုံးနော်”
“ဟုတ်ကဲ့ မာမီ ။”
မြတ်ခါရာ မာမီအိမ်အောက်ဆင်းသွားမှ တံခါးကို ပြန်ပိတ်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ်။မနေ့ကနေခုချိန်ထိ မအိပ်ရသေးတော့ အိပ်ချင်နေပေမယ့် ဒယ်ဒီက ခိုင်းစရာရှိတယ် ဆိုတာကြောင့် ရေချိုးမှ ဖြစ်မယ်။
“ဗျာ !ဒယ်ဒီ ကျွန်တော်ရန်ကုန်သွားရမယ်”
“အင်း ဒယ်ဒီ့သူငယ်ချင်း ဆက်သွယ်လာတာ ။သားကလဲ သူနာပြုအကူသင်တန်းတွေ တက်ဖူးတယ်မလား”
“ဟုတ်ကဲ့ပါ ဒယ်ဒီ သား သွားလိုက်ပါ့မယ်”
************
“မဂ်လာပါ boss ။ဒါမနေ့က အစီရင်ခံစာ စာရွက်ပါ"လင်းခန့် ဖိုင်တွဲထဲက အနီရောင်ဖိုင်တစ်ခုကို စားပွဲပေါ်တင်ပေးလိုက်သည်။အခုချိန်မှာ boss ရဲ့ရှေ့ကိုအမှား မလုပ်ရဲတဲ့ အခြေအနေ။
“ငါစုံစမ်းခိုင်းထားတဲ့ အကြောင်းရော ဘာသတင်းထူးလဲ”
“ဟို...ဘာမှ အကြောင်းမပြန်သေးပါဘူး”
ဘုန်း....
လင်းခန့် bossပစ်ချလိုက်တဲ့ စာရွက်ဖိုင်ကို သေချာ ပြန်စီလိုက်ပြီး
“ဟို ကျွန်တော် အခုချက်ချင်း ဖုန်းဆက်...”
“မလိုဘူး...အခု လိုက်သွားမယ်”
“ဗျာ.!"
လင်းခန့် ထွက်သွားပြီးဖြစ်တဲ့ boss အနောက်ကို အမြန် ပြေးလိုက်ရသည်။အံ့ဩချိန်တောင် မရလိုက်ပါ။