Unicode
ဂျိမ်း...
မိုးတွေဟာ အငြိုးနဲ့ရွာသလို သည်းကြီးမည်းကြီးရွာနေတယ်။ အခန်းထဲက စောင်အောက်ထဲမှာတော့ ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မိုးဒဏ်လေဒဏ်
တွေကို ကြောက်တာကြောင့် အော်ငိုချင်ပေမယ့် မငိုရဲခဲ့။ထိုသူဟာ လရိပ်စံအိမ်တော်ရဲ့ သခင်လေး ဟန်စေရာလင်း ။ဟန် ရဲ့မိဘတွေက ပြင်ဦးလွင်ကို အလုပ်ကိစ္စကြောင့်ညတွင်းချင်းသွားရမယ်လို့ စေရာလင်း ကိုလာနှုတ်ဆက်ခဲ့သည်မှာ အပြီးတိုင် ထွက်ခွာသွားကြသည်။
ထိုမှစ၍ စေရာလင်းကို ဒယ်ဒီ့ရဲ့အစ်ကို အန်ကယ်ဦးမိုးရိပ်က စောင့်ရှောက်ခဲ့သည်မှာ ၁၀နှစ်တိုင်ရှိခဲ့ပြီး။ကောင်းသောစောက်ရှောက် ခြင်းတော့ မဟုတ်ခဲ့။
စေရာလင်း မိုးမြန်မြန်လင်းစေချင်ပြီ။စေရာ ကိုယ်တိုင်အမှောင်ကြောက်ပေမယ့် အန်ကယ်ကမီးမပေးဘဲ အမြဲအမှောင်ချခဲ့တယ်။မနက်ပိုင်းမှာ နံနက်စာ စားပြီးနေ့လည်ပိုင်းနဲ့ ညပိုင်းကိုတော့ အခန်းထဲကမပေးထွက်
။စေရာ့ရဲ့အခန်းထဲကိုသာ အစေခံတွေ ထမင်းလာပို့ကြတယ်။ဒေါက် ဒေါက်
ဂျက်....
"ဟိုကောင်! စေရာ မင်းအခုထိ မထသေးဘူးလား"
"ထ ..ထ..ထပါပြီ အန်ကယ်"
စေရာ ညကမိုးကြီးတာကြောင့် တော်ရုံနဲ့ အိပ်မရဘဲမိုးလင်းခါနီးမှ အိပ်ပျော်သွားတာ ဖြစ်သည်။
"မင်းကို ငါ ဘာပြောထားလဲ မနက်7 နာရီထိုးတာနဲ့ထမင်းစားခန်းထဲကိုရောက်နေရမယ် ဆိုတာကို မေ့နေပြီလား ဟမ်!
"ဟင့် မ မမေ့ပါဘူး ဟင့် အန်ကယ်"
"အေ မင်းဒီနေ့အပြစ်အတွက် ငါပေးမယ်။
ဝင်လာခဲ့.!
အန်ကယ်က အပြင်မှာရပ်နေတဲ့ အစေခံတစ်ယောက်ကို ခေါ်လိုက်တော့ အစေခံမလေးက သစ်သီးပန်ကန်
တွေနဲ့ရောက်လာသည်။"မင်းတစ်နေ့လုံး အဲ့တာတွေဘဲ စားရမယ်။အခန်းထဲက ထွက်ဖို့ စိတ်မကူးနဲ့"
"ဟုတ် ဟုတ်ကဲ့"
ဦးမိုးရိပ်ပြောပြီး အခန်းအပြင်ကနေ သော့ကိုခတ်လိုက်တယ်။ဒီကောင်လေးအသက်က အခုဆို16နှစ်
ကျော်ပြီ။နောက်ထပ်2 နှစ်ဆိုရင်ရှေ့နေဦး သူရမင်းကဟိုကောင်ကို အမွေတွေလွဲပေး တော့မှာ။ဒီ2နှစ် အတွင်း ဟိုကောင် ကျန်းမာပြီး အဆင်ပြေနေမှအမွေတွေကို လွယ်လွယ်ရမှာ။