အိမ်ဖြူထဲဝင်သွားတဲ့ဂျောင်ကုစီကိုအာရုံရောက်နေတုန်းထယ်ယောင်းလက်အားစုပ်ကိုင်လာတဲ့လက်တစ်စုံ
ထယ်ယောင်းကြောက်လန့်တစ်ကြားထအော်မိသည်၊၊"အားးး"
"ကင်ထယ်ယောင်းဒီချိန်ကြီးဘာလာလုပ်နေတာလဲမိုးတေရွာနေတယ်လေမင်းခြေထောက်မှာလဲဒဏ်ရာကြီးနဲ့!!!"
"ဟင်ဂျောင်ကုဘယ်လိုဖစ်ပီးဒီရောက်နေတာလဲ ခုနကပဲဟို...."
ထယ်ယောင်းစကားပင်မဆုံးလိုက်ပါစောင့်ဆွဲခံလိုက်ရတဲ့လက်ကောက်ဝတ်နုနုလေး
ဂျောင်ကုကဒေါသတစ်ကြီးဖြင့်ထယ်ယောင်းအားအိမ်ထဲဆွဲခေါ်သွားသည်၊၊
"ပြောပါဦးဘာလို့အပြင်ကိုရောက်နေရတာလဲ! "
အရင်နဲ့မတူပဲကြမ်းတမ်းနေသောဂျောင်ကုပုံစံကြောင့်ထယ်ယောင်းကြောက်ကာမျက်ရည်များပင်ဝဲတက်လာသည်၊၊
"ဟင့် တောင်းပန်ပါတယ် ဂျောင်ကု တစ်ရေးနိုးတော့အပြင်ကတံခါးခေါက်သံကြားလို့အက်တာထွက်ကြည့်တော့ဂျောင်ကုကိုတွေ့လို့လိုက်သွားတာပါ တောင်းပန်ပါတယ် "
ဒေါသထွက်နေတဲ့ဂျောင်ကုရဲ့မျက်နှာကချက်ချင်းပင်ပြောင်းလဲသွားသည်၊၊ မျက်လုံးထဲမှာလဲထယ်ယောင်းကိုစိတ်ပူနေတဲ့အကြည့်တွေနဲ့မျက်ရည်စများပင်တွဲခိုနေလေသည်၊၊
"ထယ်ရယ်ကိုယ်ပြောထားတယ်မလားဘယ်သူပဲတံခါးလာခေါက်ခေါက်မဖွင့်ပေးရဖူးဆိုတာကို အခုကြည့်ပါဦးခြေထောက်လှလှလေးမှာသွေးတွေထွက်နေပီ ကိုယ်ဆေးထည့်ပေးမယ်နော်ခနလေးစောင့်"
လေသံရောမျက်နှာပါချက်ချင်းပြောင်းလဲသွားသောဂျောင်ကုကိုထယ်ယောင်းနားမလည်နိုင်တော့
ဂျောင်ကုစိတ်ကပုံမှန်ရောဟုတ်ရဲ့လားသူ ရူးနေတာတော့မဟုတ်ပါဖူးနော်
ထယ်ယောင်းတစ်ယောက်ထဲရေရွှတ်နေတုန်းခေါင်းထဲသတိရလာတာကဘွတ်ဖိနပ်သံ
နေပါဦးခုနကအခန်းပြင်ကဖိနပ်သံနဲ့ငါ့အိမ်ကတံခါးရှေ့ကဖိနပ်သံနဲ့တူနေရတာလဲ၊၊ အဲ့နေ့ကငါ့စီတံခါးလာခေါက်တာhobi hyungလို့ထင်ခဲ့တာ တဂယ်တမ်းကြဂျောင်ကုများလား
YOU ARE READING
⚠️The House⚠️(complete)
Fanfiction"ဟောတွေ့ပီ ဘယ်ကိုပြေးမာလဲထယ်လေးရဲ့" "ဟင့် တောင်းပန်ပါတယ်လွှတ်ပေးပါ နောက်ထပ်ဒီကိုဘယ်တော့မှထပ်မလာတော့ပါဖူး" "မင်းအကိုကကိုယ့်လက်ထဲမှာဆိုတာမမေ့နဲ့လေ hkk!"