Part - 19

9.6K 709 7
                                    

(Unicode)

နေခသည် မောင်ရှိနေသည့်နေရာကို ပြန်သွားလိုက်ပြီး မောင့်ဘေးမှာ ဝင်ထိုင်လိုက်တော့ မောင်က သူ့ကို ဘာလဲလို့ မော့ကြည့်လာသည်။ သူကတော့ အောင်နိုင်သူအပြုံးနှင့်။

" မောင် နောက်နေ့က စပြီး Fantasy ကို လာစရာ မလိုတော့ဘူး၊ ကိုကြီးက မောင့်ကို အလုပ်ဖြုတ်လိုက်ပြီ"

သူ့စကားကြောင့် မောင်က သူ့ကို မယုံသင်္ကာနှင့် ကြည့်သည်။

" အဲ့သည့်တော့ မောင် ထမင်းမငတ်ချင်ရင် မောင့်အသံရဲ့မူပိုင်ခွင့်ကို ငါ့ကို ရောင်းလိုက်"

" မဖြစ်နိုင်တာ"

" ဖြစ်နိုင်တာပေါ့၊ ရောင်းပြီးရင် မောင့်ကို တခြားလူတွေရှေ့တောင် စကားပြောခွင့် ငါ မပေးတော့ဘူး"

" နေခ မင်း ရူးနေလား"

" ရူးတယ်၊ မောင်နဲ့ပတ်သက်ရင် ငါ ရူးတယ်"

" မင်းက ဘယ်လောက်ပေးပြီး ဝယ်မှာလဲ"

" အဟဲ..."

ထိုအခါ နေမသည် မတ်တတ်ရပ်လိုက်ပြီး အင်္ကျီကို စတိုင်ကျကျ သေချာပြန်ပြင်လိုက်သည်။ ထို့နောက် မောင့်ပေါင်ပေါ်တက်ခွလိုက်တော့ မောင်က အလန့်တကြားဖြင့် သူ့ကို မော့ကြည့်သည်။ နေခကလည်း မောင့်မျက်နှာကို သူ့မျက်နှာနားသို့ ဆွဲကပ်၍ မောင့်နှာခေါင်းနှင့်သူ့နှာခေါင်းကို ထိကပ်စေပြီး တိုးတိုးလေးပြောလိုက်သည်။

" ငါ့တစ်ဘဝလုံးနဲ့ မောင်"

" အာ့"

မောင်သည် သူ မထင်ထားသောလုပ်ရက်ကို လုပ်သည်။ သူ့ခန္ဓာကိုယ်ကို ခွလျက်အတိုင်း ခါးမှချီလျက် မတ်တတ်ထရပ်လိုက်ပြီး အရှေ့က ခုံပေါ်လှဲချလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်သို့ အုပ်မိုးလျက် သူ့နှုတ်ခမ်းတွေကို ပြုတ်ထွက်မတတ် စုပ်ယူနမ်းရှိုက်တော့သည်။ ပထမက လန့်သွားသော်လည်း မောင်က စနမ်းလာသည်မို့ မောင့်ကျောပြင်ကိုဖက်တွယ်ရင်း မောင့်အနမ်းများကို ပြန်တုံ့ပြန်မိသည်။ အတော်ကြာမှ မောင်က သူ့အပေါ်မှ ဖယ်ခွာပြီး ကျောခိုင်းလိုက်သည်။

" ငါမှ မင်းကို မလိုချင်တာ နေခမင်းမြတ်"

" အဲ့တာဆို ဘာလို့ နမ်းလဲ"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now