Part - 22

10.1K 736 17
                                    

(Unicode)

နေခမင်းမြတ်သည် အိမ်ထဲ၌ ပိတ်ခံထားရသဖြင့် သောင်းကျန်းနေလေသည်။ ခက်ဇော်လည်း တားလို့မရ။ ပန်းအိုးတွေရော၊ ဖန်ခွက်တွေပါ ရိုက်ခွဲနေတော့သည်။ နေ့စဥ်ကျွေးသမျှ အစားအသောက်ကို အချိန်မှန်မှန်စားပြီးလျှင် ဖျက်ဆီးရေးအလုပ်ကို စတင်သည်။ သူ့အိပ်ခန်းတစ်ခန်းလုံးလည်း ရစရာကို မရှိ။ မီးဖိုချောင်ထဲက ပန်းကန်တွေလည်း အထပ်လိုက်ကို အားရပါးရခွဲ၏။ အဲ့တာပြီးလျှင် ခြံထဲရှိ ပန်းအိုးတွေရော ကြာလျှင် သူ့အမေ၏မွဲကိန်းကို ခက်ဇော် ကြိုမြင်မိသည်။

" ခက်ဇော် ငါ့ကို အခုမောင့်ဆီ ပို့ပေးပါ"

" နေခ ငါ မင်းကို ကူညီပေးချင်ပေမဲ့ ငါ မင်းအမေကို ငါ့အမေထက် ပိုကြောက်ရတယ်ဟ"

" မရဘူးကွာ၊ ငါ့ကို မောင့်ဆီ ပို့ပေး၊ မပို့ပေးရင် မင်း ငါနဲ့ မပေါင်းနဲ့တော့"

" ပြောရမခက်နဲ့ နေခ၊ လိုက်မပို့ပေးနိုင်ဘူး"

ကိုယ့်သူငယ်ချင်း၏လင်ဒါရူးလယ်ဗယ်က အရမ်းမြင့်နေတာ သိပေမဲ့လည်း လိုက်ပို့လိုက်၍မရ။ ဒေါ်မေခကို သူ အလွန်ကြောက်ရသည်။ ဟိုကောင်နှင့်မှ သွားကြိုက်ရသလားဟု သူ အံ့သြမိသည်။ ဘယ်လိုကောင်စားမျိုးလဲ ဆိုတာလည်း သူ သေချာပြောပြထားပြီးသား။ သည်ကောင်ကိုက သွားပတ်သက်တာ။

( ဗုန်း! ခွမ်း!)

" ဟမ်..."

နေခအနားက ပျောက်သွား၍ လက်လျော့လိုက်ပြီ ထင်နေတာ။ သူက နောက်တစ်ခု ထပ်သွားဖျက်ဆီးပစ်နေပြန်သည်။ သူ သွားကြည့်လိုက်တော့ သူ့အမေကိုယ်တိုင်မြတ်နိုးလွန်း၍ ဝယ်စုထားသည့် ပန်းချိီကားနှစ်ချပ်မှာ ကြမ်းပြင်ပေါ်၌ အစိတ်စိတ်အမွှာမွှာ ဖြစ်နေရှာသည်။

" နေခ မင်း ဘာလုပ်လိုက်တာလဲ၊ မင့်အမေပြန်လာရင်တော့ ငါ့သတ်တော့မှာပဲ"

" ငါ့ကို လိုက်ပို့ပေးမှာလား၊ မပေးဘူးလား၊ လိုက်မပို့ပေးရင် သည်ဟာတွေ မင်း ခွဲတာလို့ မားကို တိုင်လိုက်မယ်"

" ဟင် နေခမင်းမြတ် မင်း! မင်း ရူးသွားပြီလား ဟာ..."

" ဘယ်လိုသဘောရလဲ"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now