Part - 11

11K 785 13
                                    

(Unicode)

အသက်က ၃၀ကျော်နေပြီဆိုပေမဲ့ သည်လိုမျိုးတော့ ဟန်လင်းညိုတို့က သည်းမခံနိုင်ပါ။

" သည်မှာ ငါ့မိတ်ဆွေနဲ့ နေ့လည်စာလာစားရင်း မင်းကို တွေ့တာ၊ ငါ သည်အတိုင်းထားပစ်ခဲ့ရင် မင်း အဲ့မှာ ခွေခေါက်ပြီး ဆက်အိပ်နေမှာလေ၊ ငါ့ကို ကျေးဇူးတင်လိုက်"

" ဘာလို့ တင်ရမှာလဲ၊ ကျွန်တော့်ဆိုင်ပဲ၊ ကျွန်တော် အိပ်ချင်တဲ့နေရာမှာ အိပ်ချင်သလို အိပ်မှာပေါ့"

သူ့ကို ပိုပြီး ရန်တွေ့လာသည်မို့ ဟန်လင်းညိုသည် အရှေ့က ငမူးကို ပြူးကြည့်လိုက်ပြီး သူ့ရှေ့ဝင်ထိုင်လျက်။

" မင်း မူးနေတုန်းလား၊ မင်း အဲ့သည့်လို အိပ်နေရင် မင်းကို မင့်သူဌေးအလုပ်ဖြုတ်မှာပေါ့ကွ၊"

" ဘာလို့ ဖြုတ်ရမှာလဲ၊ ကျွန်တော်က သူဌေးပဲဟာ"

" ဟင်...မင်း! မင်း တကယ်ပြောနေတာလား"

တကယ်ပဲ သည်ကလေကချေဒီဇိုင်းနှင့် ဂျစ်ကန်ကန်ကောင်က အဲ့သည့်ဟိုတယ်နှင့်ဆိုင်၏ပိုင်ရှင်တဲ့လား။ မဖြစ်နိုင်တာကြီးကို။ သူ့ကို ပေါ့ပျက်ပျက်နှင့် လူငယ်ဟုသာ မြင်နေသည့်ကိုယ့်အတွက် အနည်းငယ်ကတိကအောက်ဖြစ်စေသည်။ သူ့ဆိုင်မှာ သူမူးပြီး အိပ်နေသည်ကို မိမိက မဆီမဆိုင် ခေါ်လာပေးခဲ့သည်တဲ့။

" ဟို...အင်း ထားလိုက်ပါ၊ ငါက မင်းအလုပ်ဖြုတ်ခံရမှာစိုးလို့ စေတနာနဲ့ ခေါ်လာတာပဲလေ၊ ငါ့အပြစ်မဟုတ်ဘူး၊ မူးနေတဲ့ မင်းအပြစ်"

ခေါင်းက မူးနောက်နေရသည့်ကြားထဲ အရှေ့က အူကြောင်ကြောင်လုပ်ပြနေသော ထိုလူ့ကို စက္ကစိုက်ကြည့်နေလိုက်သည်။ ဘယ်လိုပုံစံနှင့်များ ဆရာဝန်ဖြစ်လာတာလဲ။ တကယ့် အူကြောင်ကြွက်။

" ကျစ်!"

" ဪ...မင်း မူးနေတုန်းမလား၊ ငါ သံပုရာရည်လေး ဖျော်ပေးမယ်"

သည်လိုကျတော့လည်း မဆိုး။ အလိုက်သိသား။

မီးဖိုခန်းထဲသို့ ဝင်သွားပြီး ခဏအကြာ သံပုရာရည်ခွက်နှင့်အတူ ပြန်ထွက်လာသည်။

" ရော့ ဒါလေး သောက်လိုက်၊ မင်း ခေါင်းကြည်သွားလိမ့်မယ်"

" အင်း"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Tempat cerita menjadi hidup. Temukan sekarang