(Unicode)
ထက်ဦးခန့်သည် မရောက်တာကြာပြီဖြစ်သည့် Fantasy ကို ခြေချဖြစ်၏။ မည်သည့်ကိစ္စမဆို တိုင်ပင်နေကျဖြစ်သောစက္ကဆီကိုသာ အကြံဉာဏ်ကောင်းလေးများ ရနိုင်မလားဟု မျှော်ကိုးပြီး ရောက်လာခဲ့ခြင်း။ ညနေပိုင်းချိန်ဖြစ်၍ ဆိုင်ကတော့ လူမပြတ်ဘဲ ကခုန်လျက်ရှိသည်။
ဆိုင်ထဲကို မသွားတော့ဘဲ စက္ကနားနေကျအခန်းကိုသာ သူ ဝင်သွားလိုက်သည်။ အခန်းထဲ၌ စက္ကကတော့ အတွေးလွန်နေပုံ ရှိသည်။ သည်ရက်ပိုင်းအတွင်း ပိန်သွားသလားဟုတောင် ထက်ဦးခန့် တွေးမိသည်။
" စက္က"
" ဟင် ထက်ခန့်"
" အေး ငါ မင်းနဲ့ စကားပြောချင်လို့ ရောက်လာတာ မင်း နေရောကောင်းရဲ့လား"
" ငါ နေကောင်းပါတယ်၊ ဒါနဲ့ နေခရော"
"ဟမ် ငါ့အိမ်မှာ နေခမင်းမြတ်ရောက်နေတာ မင်း သိနေတာလား"
" ဪ...သူ့အမေက အမွေဖြတ်လိုက်တယ်မလား၊ အဲ့သည့်တော့ သူ မင်းဆီကိုပဲ ရောက်နေသလားလို့"
သူ့ခမျာ ညီဖြစ်သူအတွက် စကားလှအောင် ထိန်းပြောနေရသည်။
" အင်း ဟုတ်တယ်၊ ငါ့ဆီမှာ"
ထက်ဦးခန့်ရှက်ရှက်နှင့်ခေါင်းငုံ့ပြီး ဖြေလိုက်တော့ စက္ကက ပြုံးကြည့်နေ၏။
" ငါ ဝမ်းသာပါတယ်ကွာ"
" အင်း ဒါပေမဲ့ သူ ငါ့ကို လိမ်ထားတယ်"
" ဘာကိုလဲ"
" သူ့အမေနဲ့သူ တစ်ခါတစ်ခါ ဖုန်းခိုးပြောနေတာ ငါ ကြားတာ"
" ဟင်..."
စက္က မျက်မှောင်ကြုတ်သွားပြီး ထက်ဦးခန့်ကို ကြည့်လိုက်တော့ ထက်ဦးခန့်၏မျက်နှာကလည်း မကြည်လင်လျက် ရှိ၏။
" သူ့အမေကို မုန်းတယ်မလား"
" အင်း ငါ ဘယ်လိုပြောရမလဲ"
" သူ လိမ်ထားတာ သိပြီပဲ၊ မင်း ပေါ်တင်ပြောပြီး အိမ်ပြန်လွှတ်လိုက်ပေါ့"
" အဲ့လိုလုပ်လို့ မဖြစ်ဘူးလေ"
" ဘာလို့ မဖြစ်ရတာလဲ၊ မင်း မလုပ်နိုင်ဘူးလား"
YOU ARE READING
မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)