ဇာနည်တစ်ယောက် မနက်အိပ်ယာထ breakfast စားပြိးကတည်းက ရုပ်ရှင်ထိုင်ကြိနေလိုက်တာ
နှစ်ကားဆက်တိုက် ပြိးပြီးတဲ့နောက်မှ
နာရီကြည့်လိုက်တော့ မနက် ၁၁ တောင်ခွဲတော့မယ်။အဲ့တော့မှ နေ့လည် ၁၂ နာရီ သု VIP နဲ့ချိန်းထားတာ သွားသတိရပြီး
ကမန်းကတန်း ထိုင်နေရာကထ....
အကြောလေးဘာလေးဆန့်ပြိး ရေချိုးဖို့ အဝတ်စားတေချွတ်ကာ
ရေချိုးခန်းထဲ ခပ်သုတ်သုတ်ဝင်သွားတယ်။ဇာနည်ဆိုတာ ရှေ့တစ်ပတ်ကမှ
အသက် ၁၉ နှစ်ပြည့်ထားတဲ့ ဆယ်ကျော်သက်အရွယ်လွန်ခါနီး ခပ်ချောချောကောင်းလေးတယောက်။
အသားဖြူဖြူ မျက်လုံးမျက်ဖန်ကောင်းကောင်း.........အရပ်ကတော့ ၅ ပေ ၁၁ လက်မလောက်ရှိတယ်။
တကူးတက Gym သွားမကစားဖြစ်ပေမဲ့
ရေကူးဝါသနာပါတာကြောင့် မကြာခဏ
ရေကူးဖစ်တာရယ် အိမ်မှာပဲ အားတဲ့အချိန်
home workout လုပ်တာရယ်တွေကြောင့်
ကြွက်သားအဖုထစ်ကြိးတေ
ရှိမနေပေမဲ့ ကျစ်ကျစ်လစ်လစ်
တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ တမျိုးကြိကောင်းတဲ့ body မျိုး ပိုင်ဆိုင်ထားတဲ့သူပေါ့။ဇာနည်ရေမိုးချိုး အဝတ်စားလဲပြိး ချိန်းထားတဲ့စီသွားဖို့
သုအခန်းထဲကထွက်ကာ အောက်ထပ်ကိုဆင်းလာခဲ့တယ်။
အပြင်ထွက်မလို့ အိမ်တံခါးစီအသွား
ဧည့်ခန်းထဲက သုမာမီရဲ့ ခေါ်သံကြောင့်
ခြေလှန်းတွေ တုန့်ခနဲရပ်သွားတယ်။သားရေ....."
"ပြော မာမီ"
"ဒါကဘယ်တုန်း"
"သူငယ်ချင်းစီပါ မာမီရ"
"အေး....ခဏလေး မာမီပြောစရာရှိလိူ့"
"ပြန်လာမှပြော မာမီရာ.....သားနောက်ကျနေပြီ"
"ဟဲ့.....ငါပြောတာနားထောင်ပြိးမှသွား"
"အာ့ဆိုလဲ မြန်မြန်ပြော မာမီရာ""သဘက်ခါ ကြရင် မာမီတို့အိမ်ကို
ဧည့်သည်လာမယ်"
"ဘယ်သူလဲ......."
မေးပြိးမှ ဇာနည်အတွေးတခုပေါက်သွားပြီး....."ဟာ....မာမီ.....သားကီု မိန်းမပေးစားမလို့မှတ်လား
ဧည့်သည်ဆိုတာလဲ မာမီပေးစားမဲ့ မိန်းမနေမှာ.....
သားအသက်ငယ်ငယ်လေးဘဲ ရှိသေးတာ.....
မိန်းမ မယူချင်းသေးဘူး မာမီရာ
တောင်းပန်ပါတယ် နော်"
"ဟယ်......ငါဆဲမိတော့မယ်....နင်ထင်ရာမြင်ရာတွေ
ပြောမနေနဲ့ နွားလေးရဲ့....
ငါပြောတာ ဆုံးအောင်နားထောင်ပါ့လား"
"ပြော...အာ့ဆို"
YOU ARE READING
သိုဝှက်ထားသော နှလုံးသား [21+] (Unicode/Zawgyi)
Romance💥PHOTO BOOK EDITION💥 ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ 👬💖 Sex ကြမ်းကြမ်းအခန်းတွေ အသုံးနှုန်းတေပါတာမို့ 21+ အဖြစ်သက်မှတ်ထားပါတယ် အသက်ပြည့်ပြီးသူများသာ ဖတ်ကြပါ ခဗျ ❤️🔄⚠️ Acc လေးကိူ follow လုပ်ခဲ့ကြပါဦးနော် 🤭🤭 ✅ UNICODE...