🤍သိုဝှက်ထား​သော နှလုံးသား🤍

11.7K 67 0
                                    



အိမ်ကိုသာ သူငယ်ချင်းစီသွားမယ် ပြောခဲ့ပေမဲ့
ဇာနည်တကယ်သွားနေတာ သုVIP သုချစ်ချစ်
"ထက်မြက်ဟိဏ်း" စီကိုပဲ။
သူတို့တွဲလာတာ ခြောက်လလောက်တော့ရှိပြီ။
ထက်မြက်ဟိဏ်က သူတို့ရပ်ကွက်နဲ့ သုံးရပ်ကွက်ကျော်လောက်မှာနေတာ။
သူလဲညိုချောလေးပဲ။
နှစ်ယောက်သား လိူက်ဖက်တဲ့အတွဲလေးပေါ့။

ဒါပေမဲ့ ထက်မြက်ဟိဏ်းက အူတိုတတ်တယ်။
ငရစ်လေး ပြိးတော့ စိတ်ဆိုးစိတ်ကောက်ကလည်း ခနခနလုပ်တတ်သေးတာ။
ဇာနည်ကတော့ သည်းခံပြိးနေရတာပေါ့။
အခုလည်း နောက်ကျနေရင် ရွှေစိတ်တော်
ကောက်ကွေးတော့မှာမို့လို့
သုတ်ခြေတင်နေရတာလေ။

ဒါပေမဲ့လည်း ချိန်းထားတာထက် ဆယ်မိနစ်လောက်တော့နောက်ကျသွားတယ်။
သေခြာပြီ ဇာနည်တယောက် ရစ်ခံရတော့မယ်။

ထက်မြက်ဟိဏ်းတို့ တိုက်အောက်ရောက်တော့ ကားခပေး....
ကားထဲကလှစ်ခနဲထွက်ပြီး ထက်မြတ်ဟိဏ်းနေတဲ့
လေးလွှာကို
အပြေးလေးတတ်သွားတယ်။
အခန်းရှေ့ရောက်လို့ တံခါးခေါက်လိုက်တော့
စူပုတ်ပူတ်မျက်နှာလေးနဲ့
တခါးလာဖွင့်တာ ထက်မြတ်ဟိဏ်း။

"စောတီးကွာ နည်းနည်းနောက်ကျသွားတယ်"
​"ဆယ်မိနစ်ကျော်နောက်ကျတာ နည်းလား.....
ဘယ်ကောင်နဲ့ အကြည်စိုက်ပြိးမှ
ငါ့စီလာလဲမသိတာ"
"မဟုတ်ရပါဘူး ထက်မြတ်ရာ
ငါလာမလို့လုပ်မှ အိမ်ကမာမီရယ်
အိမ်ကို ဧည့်သည်လာတည်းဖို့ရှိတယ်ဆိုပြီး
ခေါ်ပြောနေလိူ့....
ငါလည်းပြိးတာနဲ့ ချက်ချင်းပြေးလာခဲ့တာပဲ"

"ဘယ်ကဧည့်သည်....?"
"မာမီသူငယ်ချင်း သားတဲ့.....
ရန်ကုန်မှာ သင်တန်းလာတတ်ရင်
အိမ်မှာတည်းမလိူ့တဲ့"
"ဟင် တခြားတည်းစရာတေ ရန်ကုန်မှာ ပုံလို့"
"သူတို့လဲ စိတ်ချရတဲ့ အသိစီပဲပို့ပြိး ထားချင်မှာပေါ့"
"ဘယ်လောက်ကြာကြာနေမှာ"
"လေးငါးလလို့ ပြောတာဘဲ"
ထက်မြက်ဟိဏ် နှုတ်ခမ်းလေးကို ရွဲ့လိုက်ကာ
"ငါးလတောင်.....ကြာလိုက်တာ...ပြိးတော့လည်း
လာနေမှာက ယောက်ျားလေး"
"ဘာလဲ ငါ့ကို သူနဲ့ပေးစားဦးမလို့လား"
ထက်မြတ်ဟိဏ် ဘာမှပြန်မပြော........

"မင်က အမြဲ တယောက်မဟုတ်တယောက်နဲ့
ပေးစားရမှ သက်ာမကင်းဖြစ်မှ
စားဝင်အိပ်ပျော် နေသာတယ်နော်"
"လာမရွဲ့နဲ့.....ငါ့ချစ်သူကိူ ငါသဝန်တိုတာ အပြစ်လား
သူများနောက်ပါသွားမှာ ဆိုးလို့ပေါ့"
"ဒါပေမဲ့....."

သိုဝှက်ထားသော နှလုံးသား [21+] (Unicode/Zawgyi)Where stories live. Discover now