![]()
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain. အဲ့အချိန်မှာဘဲ ခရီးသည်တွေ လေယဉ်ပေါ်တတ်ဖို့
အချက်ပေးသံထွက်လာတယ်။"ဟော....သော်သော် သွားရတော့မယ် ကိုကို"
"aww...ဟုတ်ပြီသော်သော်....ကောင်းကောင်းသွားနော်.....တတာ"
နှစ်ယောက်လုံး ထိုင်နေရာက မက်တပ်ထရပ်လိုက်ကြပြီး
သော်သော်သွားမလို့ ခြေသုံးလေးလှမ်း လှမ်းအပြိးမှ
နောက်လှည့်ပြန်ပြေးလာပြီး ဇာနည့်ကိူ ဖက်လိုက်တယ်။
ဇာနည်လဲ သော်သော်က ကိုယ်လုံးလေးကို
တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားလိုက်တယ်။နောက်ဆုံးတကယ်ခွဲရတော့မှာပါလားဆိုတဲ့
အသိကြိး နှစ်ယောက်လုံးမှာ ဝင်လာကြတော့
ဘလိုမှ မခံစားနိုင်ရှာကြ။
သော်သော်က ဇာနည့်ကိုဖက်ထားရင် တရှု့ံရှုံ့နဲ့
ငိူချလိုက်တော့တယ်။
ဇာနည်လည်း မျက်ရေတွေဝဲတတ်လာပြီး
မျက်လုံးထဲက လိမ့်မစင်းလာအောင်
ခေါင်းကိုမော့လိုက်ရတယ်။
ပြီးတော့မှ ချောင်းတစ်ချက်ဟန့်ပြီး
တည်တည်ငြိမ်ငြိမ်အသံနဲ့ သော်သော့်
ကြောပြင်လေးကိုပွတ်ပြီး"သော်သော်......သွားခါနီး လာခါနဲ့ မငိူရဘူးလေကွာ
......တိတ်တော့....တိတ်ပါကွာ.....သော်သော်က အဲ့လိုငိုတော့ ကိုကိုလည်း ငိုချင်တာပေါ့"
"အဟင့်...ဟင့်....အခုခွဲပြိးရင် ဘယ်တာ့မှ ပြန်တွေ့ရမလဲမသိဘူး...ဟင့်"
"နေ့တိုင်း ဖုန်းဆက်မယ် vdo call လို့ရတာဘဲကွာ.......ဒါမျိုးတေနဲ့ ကိူကိူတို့အလွမ်းဖြေလိူ့ ရသားဘဲ.....ပြီးတော့ အားတဲ့အခါလာလည်ပေါ့.....
ကိုကိုနဲ့ သော်သော်တို့က အဝေးကြိးမှမဟုတ်တာ
.........ကဲ သွားတော့သော်သော် ဟိုမှာ လေယဉ်ပေါ်တတ်တဲ့လူတေတောင် ကုန်သလောက်ဖြစ်နေပြီ"အဲ့တော့မှ သော်သော် ဇာနည့်ကိုဖက်ထားရာက လွတ်လိူက်ပြီး သုပါးပေါ်က မျက်ရည်လေးတေသုတ်လိုက်ကာ
"ဒါဆို သော်သော် သွားပြီနော် ကိူကို....တတာ"
လက်ကလေးပြပြီး လေးလံတဲ့ခြေလှမ်းတွေနဲ့ လှည့်ထွက်သွားတယ်။
ဇာနည်လက်ပြန်ပြတာတောင် သူမမြင်လိုက်တော့ဘူး။

KAMU SEDANG MEMBACA
သိုဝှက်ထားသော နှလုံးသား [21+] (Unicode/Zawgyi)
Romansa💥PHOTO BOOK EDITION💥 ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ 👬💖 Sex ကြမ်းကြမ်းအခန်းတွေ အသုံးနှုန်းတေပါတာမို့ 21+ အဖြစ်သက်မှတ်ထားပါတယ် အသက်ပြည့်ပြီးသူများသာ ဖတ်ကြပါ ခဗျ ❤️🔄⚠️ Acc လေးကိူ follow လုပ်ခဲ့ကြပါဦးနော် 🤭🤭 ✅ UNICODE...