💖သိုဝှက်ထားသော နုလုံးသား💖

7.4K 56 0
                                    

ခနကြာတဲ့အချိန်မှာ ဇာနည့်ဖုန်းက ထမြည်လာတယ်။သော်သော်ကြားပေမဲ့ ဘယ်သူမှန်းမသိလို့မကိုင်လိုက်ဘူး။ဒါပေမဲ့ ဖုန်းက မကိုင်မချင်း ခေါ်နေတာကြောင့်နောက်ဆုံး သော်သော်ကောက်ကိုင်လိုက်ပြီး

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

ခနကြာတဲ့အချိန်မှာ ဇာနည့်ဖုန်းက ထမြည်လာတယ်။
သော်သော်ကြားပေမဲ့ ဘယ်သူမှန်းမသိလို့
မကိုင်လိုက်ဘူး။
ဒါပေမဲ့ ဖုန်းက မကိုင်မချင်း ခေါ်နေတာကြောင့်
နောက်ဆုံး သော်သော်ကောက်ကိုင်လိုက်ပြီး

"ဟလို"
"ဇာနည်.....ငါရောက်နေပြီနော်"
"ဟို....ကိုကို ရေချိုးနေလိူ့ ပြိးရင်ပြောလိုက်မယ်နော်"
"ဇာနည်မဟုတ်ဘူးလား.....ခုပြောနေတာ
ဘယ်သူလဲ"
"သော်သော်ပါ"
"ဘယ်ကသော်သော်လဲ.....မင်းနဲ့
ဇာနည် ဘာလို့တူတူရှိနေတာလဲ"
တစ်ဖက်ဖုန်းထဲကလူက ဒေါသသံနဲ့ မေးလာတော့
သော်သော် လန့်လာတယ်
"ဟို....ဟိုလေ"

အဲ့ချိန်မှာပဲ ဇာနည်ရေချိုးပြိးလို့ ရေချိုးခန်းထဲက
ထွက်လာတာနဲ့ ကြုံသွားပြီး
သော်သော်လက်ထဲက ဖုန်းကိူ ဆွဲယူလိုက်ကာ

"ဘယ်ကဖုန်းလဲ ပြစမ်း"
ဇာနည်ဖုန်းကိုယူကြိလိူက်ချိန် ဖုန်းကကျသွားတာကြောင့် ဖုန်းထဲက recents list ထဲ
ဝင်ကြိတော့ ထက်မြတ်ခေါ်ထားတဲ့ ဖုန်း no ကြိးကပြူးလိူ့။

ဇာနည် "တောက်" တချက်ပြင်းပြင်းခေါက်လိုက်တယ်။
တောက်ခေါက်သံကြောင့် သော်သော်လန့်ပြိး
သုကိုယ်လုံးလေးတောင် တုန်သွားရတယ်။
"သွားပြီ....သွားပြီ....စောက်ပြသနာတွေတော့
အကြိးကြိးတတ်တော့မယ်......."

ဇာနည် သော်သော်ဘက်လှည့်ပြိး ဒေါသသံပါပါနဲ့

"မင်း ဘာလို့ငါမသိဘဲ ငါ့ဖုန်း ကိူင်ရတာလဲ"
"ဟို...ဟို"
"ပြောလေ ဘာတဟိုဟိုနဲ့ဖစ်နေတာလဲ"
"ဖုန်း....ဖုန်းကခနခနလာနေတာနဲ့ သော်သော်လည်းကိုင်လိူက်တာ"
ဇာနည့်ကို သော်သော် မျက်လုံးအဝိုင်းသားလေးနဲ့ ကြိပြီး ပြောတယ်။
အသံလေးကလည်း တုန်ရီလို့။

သိုဝှက်ထားသော နှလုံးသား [21+] (Unicode/Zawgyi)Место, где живут истории. Откройте их для себя