ကြွယ်ဝသောလယ်သူဌေးကြီး ၁၃

1.8K 231 11
                                    

အခန်း ၁၃

တညနေခင်းတွင် ယွီချင်ဇီ သည် အိတ်ကြီးကြီးတစ်လုံးလွယ်လျှက် မြို့မှပြန်ရောက်လာသည်။ ခြံထဲကို ဝင်လိုက်တာနဲ့ ထမင်းချက်နေတဲ့ ချန်လဲ့ ကို "ညီလေးလဲ့ ညအတွက်မချက်နဲ့တော့ ခေါက်ဆွဲ လုပ်မယ်''

လေးရက် ငါးရက်လောက် မြို့ထဲ ကွင်းဆင်းလေ့လာပြီးနောက်လက်ရှိနွေရာသီရဲ့ ပူပြင်းသော အခြေအနေနဲ့ခရိုင်မြို့မှ လိုအပ်ချက်များအရ ပထမဆုံး သူ့စားသောက်ဆိုင်ကို ခေါက်ဆွဲအေး ရောင်းရန် ဆုံးဖြတ်လိုက်တယ် ဒီည အရင်စမ်းလုပ်ပြီး ချန်မိသားစုရဲ့ feedback ကို ရယူရမယ်

ယွီချင်ဇီ အသံကြားသည်နှင့် သစ်သားသင်ပုန်းမှာ စာရေးနေတဲ့ ချန်ဟောင်က''အစ်ကိုယွီ အစောကြီး ရောက်နေပြီး အိတ်ကြီးကြီးနဲ့ ဘာဝယ်လာတာဲ''

ပြီးခဲ့တဲ့ ရက်တွေမှာ ယွီက နောက်ကျ မှောင်မှ အိမ်ရောက်သောကြောင့် ဒီနေ့ စောနေတော့ ချန်ဟောင်လေး ပျော်တယ်လေ အစ်ကိုယွီ ရဲ့ အစားအစာတွေကို အရသာကောင်းကောင်းနဲ့ စားရမယ်လေ နောက်ပြီး အစ်ကိုယွီ ပြန်နောက်ကျလို့ ချန်လဲ့က အစ်ကိုယွီ ဆီက သင်ထားပြီး ချက်ပြုတ်ပေမယ့် ဆရာကို မမှီသေးဘူးလေ မြေးအဘိုးနှစ်ယောက်က ချန်လဲ့ စိတ်မကောင်းဖြစ်မှာစိုးလို့  စားကောင်းပါတယ် ဘယ်လောက်ပြောပြော အစ်ကိုယွီ ချက်တဲ့နေ့လို အိုးမပြောင်ဘူး

ဒီနေ့ ယွီ စောစောပြန်လာတာကိုတွေ့တော့ ချန်ဟောင်လေးက  စိတ်မလှုပ်ရှားပဲ မနေနိုင်တော့တာ

"ဒါက ဂျုံမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပါ ငါ ညဘက် ခေါက်ဆွဲလုပ်ရမယ်" Yu Qingze သည် အိတ်ကြီးကြီးကို မီးဖိုခန်းထဲသို့ သယ်သွားပြီး  စားပွဲပေါ်တင်လိုက်သည်။ ဤဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ဝယ်ရန်အတွက် အချို့ကို ဆေးဆိုင်လိုနေရာလိုမျိုး ရှာဝယ်ရတယ်

ချန်လဲ့ လည်း မီးဖိုချောင်ထဲသို့ လိုက်သွားကာ စားပွဲပေါ်ရှိ အရာများကို မြင်သောအခါ အလွန်စိတ်ဝင်စားသွားသည် တချို့ကို မမြင်ဖူးဘူး

ယွီက ဂျင်းအနည်းငယ် စမုန်နက်၊ သစ်ကြံပိုးခေါက်နှင့် တရုတ်ငရုတ်ကောင်းတို့ကို သင့်လျောသော ပမာဏယူပြီး ဦးစွာဆေးကြောကာ မုန့်စိမ်းကို စတင်နယ်စပ်တော့တယ်

ကြွယ်ဝသော လယ်သူဌေးကြီး(ဘာသာပြန်)Where stories live. Discover now