ကြွယ်ဝသော လယ်သူဌေးကြီး ၂၀.၂

1.7K 228 7
                                    

"အစ်ကိုယွီ ငါ့အစ်ကိုရဲ့လည်ချောင်းက ကုလို့ရနိုင်သေးလား"  က မျှော်လင့်ချက်ရော စိုးရိမ်စိတ်ပါ ရောပြွန်းနေတဲ့ မျက်ဝန်းအကြည့်နဲ့ ချန်ဟောင် လေးက မေးတယ်
ယွီက ''မသိဘူး ဒါမယ့် ကိုယ်တို့ ကြိုးစားလို့ ရသေးတယ်လေ အဘိုးပြောတာကို အရင်နားထောင်ရအောင်"
"ဟုတ် အစ်ကိုယွီ''
"အစ်ကိုယွီ ငါ့အစ်ကို စကားပြန်ပြောနိုင်မယ်လို့ ငါတကယ်မျှော်လင့်တယ် ဒီနေ့ တစ်ကြိမ်ပဲ ခေါ်တယ် ငါ့နာမည်ခေါ်သံ ကြားချင်သေးတယ်"
ယွီ က သူ့ခေါင်းကို ကိုင်လိုက်ပြီး "ဒါဆို အဘိုးကို ဘာဖြစ်ခဲ့တယ် ဆိုတာ သိရအောင် အရင်မေးကြည့်ကြတာပေါ့ ဒါမှ မင်းအစ်ကိုရဲ့လည်ချောင်း ကို ကုသလို့ရတယ် မရဘူးဆိုတာ အစ်ကို သမားတော်ရှာပြီး စမ်းသပ်ရမှာ''
"ဘယ်တော့လဲ အစ်ကိုယွီ ဘယ်အချိန်လဲ''
စကားစ မပြတ်ခင် အဘိုးချန်ခေါ်သံ ကြားကြလေသည်။
"မင်းတို့ နှစ်ယောက် အခန်းထဲမှာ ဘာလုပ်နေတာလဲ အာဇီ ဆေးသောက်ဖို့ ထွက်လာတော့'' အဘိုးချန်က စားပွဲပေါ်မှ တရုတ်ဆေးပန်းကန်ကို ကိုင်ကာ ခန်းမထဲတွင် အော်ပြောလိုက်သည်။ယွီ က တုံ့ပြန်ပြီး ချန်ဟောင်နဲ့ အခန်းကနေ ထွက်လာကြသည်။
ဆေးသောက်ပြီးနောက် ယွီချင်ဇီက အဘိုးချန်ကိုပါ ထိုင်ခိုင်းပြီး သူနှင့် ချန်ဟောင်က  အလေးအနက် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
အဘိုးချန်လည်း  အနည်းငယ် စိတ်ရှုပ်သွားသည် - "မင်းတို့၊ ဘာကိစ္စရှိလို့လဲ"
ယွီ က ဘာပြန်ပြောရမလဲဆိုတာကို တွေးနေတုန်း ချန်ဟောင်က က ပြောနေပြီး
"အဘိုး၊အစ်ကို ဒီနေ့ ငါ့နာမည်ခေါ်တယ်၊ ဟို" လို့ ခေါ်တယ်
အဘိုးချန် အံ့သြသွားသည်။ သူက ချန်ဟောင်ကို ကြည့်ပြီး ယွီ ကိုထပ်ကြည့်တယ် သူတို့နှစ်ယောက်လုံးက လေးနက်နေတာကိုတွေ့တော့ သူက ''ရှောင်လဲ့က တကယ်စကားပြောတာလား ပါးစပ်ကနေလား''
နှစ်ယောက်စလုံး ခေါင်းညိတ်ကြသည်။
အဘိုးချန် က မျက်မှောင်ကြုတ်ပြီး သူ့အမူအရာက "ညနေခင်းမှာ မင်းနဲ့ရန်ဖြစ်တဲ့အချိန်မှာလား ငါ့ကိုပြောပြပါ''
ဒါကိုကြားတော့ ယွီနဲ့ချန်ဟောင် က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး “ဒီလိုပါပဲ…”
ယွီချင်ဇီ  က ဖြစ်စဉ်ကို ပြန်ပြောပြပြီး အဘိုးချန်က နားထောင်ပြီးနောက် အချိန်အတော်ကြာ စကားမပြောဘဲ နောက်ဆုံးတွင် သက်ပြင်းရှည်ကို ထုတ်လိုက်သည်။
"ဟင်း.....''
ဒီသက်ပြင်းဟာ အကူအညီမဲ့မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်
ယွီချင်ဇီ က "အဘိုး အစ်ကိုလဲ့ ဘာလို့ စကားမပြောနိုင်ရတာလဲ ဒီနေ့ မြင်ကွင်းကနေ ရှောင်ဟောင် အန္တရာယ်ကျရောက်နေပြီဆိုတာကို သူမြင်လိုက်ရပြီး ရုတ်တရက် အော်လိုက်တာ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူး ငါအော်လိုက်တယ် နောက်တော့ လူဆိုးက ထွက်ပြေးသွားပြီး စကားပြန်ပြောခိုင်းတော့ သူက ဆက်မပြောနိုင်တော့ဘူး”
ထိုစကားကိုကြားသောအခါ အဘိုးချန် က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒီအဖြစ်အပျက်ကို ရှောင်ဟောင် သိချင်ပေမယ့် မင်းပါ သိချင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"
နှစ်ယောက်စလုံးသည် အဘိုးချန်ကို အတိတ်က အဖြစ်အပျက်ကို ပြောပြရန် စိတ်ပင်ပန်းစွာ  ထိုင်စောင့်နေကြသည်။
အဘိုးချန် က သူ့ဆေးရွက်ဆေးတံကြီးတံကိုယူပြီး မီးညှိလိုက်ပြီး အသက်ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာ ထွေးထုတ်လိုက်ပြီး " ရှောင်ဟောင်အထက်မှာ အရင်က ရှောင်ဟိုင် လို့ခေါ်တဲ့ ဒုတိယမြောက်သားတစ်ယောက်ရှိတယ် ရှောင်လဲ့ထက် သုံးနှစ်ငယ်တယ်''

ကြွယ်ဝသော လယ်သူဌေးကြီး(ဘာသာပြန်)Where stories live. Discover now