အခန်း ၂၇
"အဲဒါ အစ်ကိုကြီးပဲ!" အသံကိုကြားတော့ ချိုင်ယွမ်ဝေ ရဲ့ မျက်လုံးတွေ တောက်ပလာပြီး ကုလားထိုင်ပေါ်ကနေ ချက်ချင်း "အစ်ကိုကြီး!" လို့ ဝမ်းသာအားရ ထအော်သည်။
အားလုံးက တံခါးကို လှမ်းကြည့်လိုက်တော့ ချောမောပြီး တောက်ပတဲ့ မျက်လုံးတွေနဲ့ အသက် ဆယ့်ရှစ်နှစ် ဆယ့်ကိုးလောက်ရှိသော လူငယ်လေးနဲ့တူ နူးညံ့တဲ့ ရုပ်ရည်ရှိတဲ့ လူငယ်လေး နှစ်ယောက် ဝင်လာခဲ့သည်။
ရှေ့မှလူငယ်သည် စီရင်စုအုပ်ချုပ်ရေးမှူး၏သားကြီး ချိုင်ချန်ရှီဖြစ်သည်။
ချိုင်ချန်ရှီက ချိုင်ယွမ်ဝေ အနားကပ်လာတာကို သေချာ ကြည့်ပြီး ခေါင်းကို ပွတ်သပ်ကာ
"ဝေအာ ဟမ် နေကောင်းလာပြီး ထင်တယ် မျက်နှာတွေ သွေးရောင် လွှမ်းလာပြီး''
ချိုင်ယွမ်ဝေ ကတော့ မတွေ့ရတာ နှစ်ဝက်လောက်ရှိတဲ့ အစ်ကိုကို တွေ့ရတော့ အရမ်းပျော်နေရှာသည်။''မကြာခင်က ဖူပေါ်က သူဌေးယွီ ဆီကနေ အစားအသောက်နည်းအသစ်အချို့ကို သင်ယူခဲ့ပြီး အစားစာ တွေ အများကြီး ပြန်စားလို့ ရခဲ့တာ''ပြောရင်း ချိုင်ငယ်ရဲ့ မျက်နှာက ငါ့ကို ချီးကျူးပါ ချီးကျူးပါ ''ဆိုတဲ့ အမူအရာနဲ့...
ချိုင်ချန်ရှီက ခေါင်းညိတ် ပြုံးပြီး ကျေနပ်စွာနဲ့ ''အင်း အဲဆို ကောင်းကောင်းစား မင်းကျန်းမာလာရင် အစ်ကိုကြီးက နောင်မှာ ကစားဖို့ ခေါ်သွားမယ်''
ချိုင်ယွမ်ဝေ ခေါင်းညိတ်ပြပြီး ''အင်း '' အရမ်းပျော်တယ်
ထို့နောက် သူက အနောက်မှ နူးညံ့သိမ်မွေ့သော လူငယ်အား "အစ်ကိုထန်ရွယ်" ဟု ခေါ်လိုက်သည်။ထိုလူငယ်က ချိုင်ချန်ရှီ၏ ငယ်သူငယ်ချင်း အတန်းဖော် ကျန်းထန်ရွယ် ဖြစ်သည်။
ညီအစ်ကိုနှစ်ယောက် စကားအနည်းငယ်ပြောပြီး ချိုင်ချန်ရှီက အိမ်ထဲသို့ကြည့်လိုက်မိတော့ ဧည့်သည်အချို့ကိုတွေ့ကာ ပြုံးနဲ့ "အဘိုး အဘိုးငယ် အိမ်မှာ ဧည့်သည်ရောက်နေတယ် ငါတို့ နှောက်ယှက်မိသွားလား''ကျန်းထန်ရွယ် ကလည်း အဘိုး အဘိုးငယ် လို့ သူလည်း နှုတ်ဆက်လိုက်ပါတယ်
သခင်ကြီးချိုင်နဲ့ ချိုင်ဖူလန်က မြေးကြီး ပြန်လာတာ တွေ့လို့ အရမ်းပျော်နေတယ်
ချိုင်ဖူလန်က ''ရှီအာ လာ ထိုင် ထန်ရွယ် လည်း ထိုင် ဒီနေ့လည်စာအမှီ ရောက်လာတာ မင်းတို့ ကံကောင်းတယ် နည်းနည်းနောက်ကျရင် ဒီအရသာရှိတဲ့ ဟင်းပွဲတွေကို မစားရတော့မလို့''
နှစ်ယောက်သား သပ်ရပ်စွာ ထိုင်ကြပြီးသောအခါ သခင်ကြီးချိုင်က ''ရှီအာ ထန်ရွယ် ဒါက ဝေ အာ အတွက် ကျန်းမာရေးအားဖြည့် ဟင်းလျာတွေကို နည်းပေး တဲ့ သူဌေးယွီချင်ဇီ ရှောင်ယွီ ဒါ ငါ့မြေးကြီး ချိုင်ချန်ရှီ ဒါက သူ့အတန်းဖော် ကျန်းထန်ရွယ် ''
ESTÁS LEYENDO
ကြွယ်ဝသော လယ်သူဌေးကြီး(ဘာသာပြန်)
Fantasíaကြွယ်ဝသော လယ်သူဌေးကြီး ယွီချင်ဇီသည် မိန်းမများမရှိ၊ ကောဟုခေါ်သော ကလေးဖွားနိုင်သော အမျိုးသားများနှင့် ယောက်ျားများသာရှိသော အခြားကမ္ဘာတစ်ခုသို့ ခရီးကျွံခဲ့ပြီး ဆွံ့အစကားမပြောတတ်သော ကောတစ်ယောက်ရဲ့ ကယ်တင်ခြင်းခံခဲ့ရတယ်။ထိုကောသည် ထုံအပြီး ကောဟုဖော်ကျူးစေ...