ကြွယ်ဝသော လယ်သူဌေးကြီး ၂၄

1.7K 254 17
                                    

အခန်း ၂၄
24.7.2022 : 5.00AM

မြောက်ဘက်လမ်းက ဒီနေ့ အရမ်းကို စည်ကားနေသည်။အကြောင်းက လမ်းသွားလမ်းလာများကြား ရေပန်းစားဆုံး စကားအသစ်က ယွီဆိုင်ရဲ့ လန်းဆန်းပြီး အိတုန်အိတုန်နဲ့ ဂျယ်လီလို့ ခေါ်တဲ့ အစားစာအသစ်နှစ်ခုကို မိတ်ဆက်ပေးခဲ့တဲ့ သတင်းပါ
ဂျယ်လီရဲ့ အေးမြတဲ့ အရသာကို ခံစားရင်းနဲ့ လူတွေက ဂျယ်လီကို ဘယ်လိုဖန်တီးထားတယ်ဆိုတာကို မှန်းဆနေကြပါတယ် ဂျယ်လီက အမြင်လည်းလှသလို အရသာလည်းကောင်းတယ်
ဖောက်ထွင်းမြင်ရလောက်အောင် ကြည်ပြီး အဖြူရောင်ရှိသော ဂျယ်လီချိုက အသီးအရသာရှိပြီး အစိမ်းရောင် ငံတဲ့ ဂျယ်လီက အနံ့မွှေးမွှေးလေးရှိပြီး ဘယ်အရာတွေနဲ့ ပြုလုပ်ထားမှန်း ခန့်မှန်းလို့ မရလို့ ခေါင်းခါကာ သက်ပြင်းချရုံသာ ရ၏။ဒီယွီသူဌေးက တကယ်ကို ထူးထူးဆန်းဆန်း လုပ်တတ်ပြီး အရသာတွေကလည်း လတ်ဆတ်ပြီး လူကြိုက်များစေတယ်...
ဆိုင်က မဖွင့်တာ ငါးရက် ခြောက်ရက်လောက် ရှိပြီးမို့ ဆိုင်ကို လာတဲ့ ပုံမှန်ဖောက်သည်တွေက စိတ်မကောင်းဖြစ်နေကြသည်။
ဒီဆိုင် ဘာလို့ မဖွင့်တော့တာလဲ..
တကယ် စိတ်မကောင်းဘူး...
ဟုတ်တယ် ဒီဆိုင်က ခေါက်ဆွဲအေးနဲ့ ဆန်စေးပြားအေးက အရသာကောင်းတယ်...

..ယွီချင်ဇီ သတင်းစကားတွေ ပြန်ကြားတော့ ''ကျေးဇူးတင်ပါတယ် ဒီရက်ပိုင်း ကိစ္စတစ်ခု ဖြစ်သွားတော့ ရက်အနည်းငယ် အိမ်မှာ အနားယူလိုက်တယ် စိတ်မပူကြပါနဲ့ ဆိုင်ကို ပုံမှန်အတိုင်းပဲ ပြန်ဖွင့်မှာပါ''
ကောင်းတယ် ကောင်းတယ် ဒီနေ့အရမ်းပူတယ် တော်သေးတာက သူဌေးယွီ ဆိုင်ဖွင့်လို့ နို့မို့ တို့တတွေရဲ့ အစာစားချင်စိတ် ရှိတော့မယ် မဟုတ်ဘူး
ဟားဟား ဒီနေ့ ထွက်တဲ့ အမယ်အသစ် ဂျယ်လီကလည်း အရမ်းအရသာရှိတယ် ဒီနွေရာသီကတော့ အဓိပ္ပာယ် တွေနဲ့ ပြည့်နေပြီး...
"..."
တစ်ချို့က ပျော်ရွှင်ကြပြီး တစ်ချို့ကတော့ ဝမ်းနည်းကြပါတယ်
ဤနေရာသည် အသက်ဝင်နေပေမဲ့ အခြားတစ်ဖက်က သူဌေးဝမ် ပေါက်ကွဲတော့မည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ယွီဆိုင်က မဖွင့်တော့ လူတွေက ခေါက်ဆွဲအေး စားချင်ရင် ဝမ်ဆိုင်ကို ပဲ သွားရတယ် အရသာက ယွီဆိုင်ကို လိုက်မနိုင်ပေမယ့်လည်းပေါ့
ဟုတ်တယ် အချို့က ထင်ကြတယ် ယွီသူဌေးတော့ အရိုက်ခံရပြီး သင်ခန်းစာကြောင့် စျေးမရောင်းရဲတော့ဘူးပေါ့ ဒါပေမယ့် ဘယ်သူထင်မလဲ ယွီက ပြန်ဖွင့်ရုံတင်မကဘူး ပစ္စည်း အမယ်အသစ်ကို မိတ်ဆက်ခဲ့တယ် အဓိကက အမယ်အသစ်က ပိုပြီးတောင် နာမည်ကြီးသေးတယ်
ဧည့်သည်စားသုံးသူတွေ လာတာ ကျသွားတော့ သူဌေးဝမ်က သူ့အရှေ့က လူကိုကြည့်ပြီး '' ယွီမျိုးရိုးကောင် ဒဏ်ရာ ရသွားတယ်လို့ မင်းပြောတယ် မဟုတ်လား အခု ဒီလောက်သွက်လက်နေတာ ဘယ်မှာ ဒဏ်ရာရ လို့လဲ''
အဲဒီလူက ခေါင်းငုံ့ပြီး "တကယ်ပဲ ဒဏ်ရာရခဲ့တာ ဘယ်ဘက်ပခုံးကို ထိသွားတယ်"
T.N...လူမိုက်တွေကို ငှားတာ ဘယ်သူလဲ သိကြပြီးလား😁
သူဌေးဝမ်က ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်ပြီး
"ဘယ်လိုအသုံးမကျတဲ့ အကောင်တွေကို ရှာလာတာလဲ သောက်သုံးကို မကျဘူး''

ကြွယ်ဝသော လယ်သူဌေးကြီး(ဘာသာပြန်)Wo Geschichten leben. Entdecke jetzt