2036 January 13
မနေ့က သူ့ချစ်ရတဲ့ကောင်လေးရဲ့ Disband ကြောင့်ငိုထားတာမျက်လုံးတို့ပင်ဖောင်းအစ်လို့...
အရင် ကဖန်သားပြင်ပေါ်ကနေ ငေးကြည့်ခွင့်ရပေမဲ့ ထပ်ပီးသူ့ကိုငေးကြည့်ခွင့်ရမရကသေချာမသိရတော့ဘူး...
"လွမ်းလိုက်တာ rutoရယ်...နှစ်တွေကြာသွားတာတောင်ငါကတော့မင်းမှမင်းဖြစ်နေတုန်းပဲ...သိပ်ပြုစားလွန်းနိုင်တယ်ကွာ"
Jeongwoo ရုံးခန်းထဲမှာထိုင်ရင်းစာရွက်တွေကိုကြည့်နေပေမဲ့ စိတ်ကတော့ Haruto စီမှာပဲ...
Jeongwoo ကျောင်းပီးတော့.. Daddy ရဲ့ Company ကိုလက်လွှဲယူခဲ့ရသည်...
သားကြီးဖြစ်တဲ့ Jihoon Hyung ကစိတ်မှမဝင်စားတာကို..
စောနက အတွင်းရေးမှူးကောင်မလေးလာချပေးသွားတဲ့ Coffee ကိုတစ်ငုံယူသောက်မိလိုက်တော့...ဘာမဆိုင်ညာမဆိုင် Coffee မကြိုက်တဲ့ကောင်လေးကိုသတိရသွားပြန်သူ...
အဲ့ကောင်လေးက coffee ဆို no ...cola ဆို Of course ပဲ..
ခွက်ထဲကခါးသက်သက် coffeeကိုအမြန်မော့သောက်ကာ အစည်းအဝးခန်းသို့ထွက်ခဲ့လိုက်သည်
စိတ်တိုစရာကောင်းတယ် သူတို့ဘာလို့အဲ့တာလေးတောင်မှန်အောင်မလုပ်နိုင်ရတာလဲ?
ကလေးခိုင်းရင်တောင်သူတို့ထက်ပိုတိကျပီးမှန်အောင်လုပ်နိုင်အုံးမယ်...
Jeongwooခမျာဒေါသထွက်ရလွန်းလို့ ရင်ဘတ်တွေတောင်အပေါ်အောက်မြင့်တက်လို့နေပီ...
စိတ်တိုင်းကျပွဲကြမ်းလို့ပီးမှ...အစည်းအဝေးခန်းကနေခြေလှမ်းကျဲတို့ဖြင့်ထွက်လာခဲ့လိုက်သည်...
ရုံးခန်းထဲရောက်တော့ necktieကိုဖြေလျှာ့ပီးခုံပေါ်မှာအားလျော့စွာထိုင်မိသည်...ပုံသွင်းထားတဲ့ဆံနွယ်တို့ကတော့ထိုးဖွထားမှုကြောင့်ရှုပ်ပွလို့နေသည်...
ထိုအချိန်ရုံးခန်းသုံးဖုန်းကနေ အတွင်းရေးမှူးကောင်မလေးစီက ဖုန်းဝင်လာတော့မို့ကောက်ကိုင်လိုက်၏...
"ဒုဥက္ကဌ...ဒုဥက္ကဌကိုတွေ့ချင်တဲ့လူတစ်ယောက်ရောက်နေပါတယ်...ကျွန်မဘယ်လိုတားတားမရလို့ပါ"
YOU ARE READING
Sirius's Polaris
FanfictionIDOLဖြစ်ဖို့ရည်မှန်းချက်တွေနဲ့Seoul ကိုရောက်လာတဲ့ကောင်လေးတစ်ယောက်.. Accident လေးတစ်ခုကနေဆရာဝန်ကောင်လေးနဲ့တွေ့ဆုံမိရာကနေ.. "အချစ်ကအရာရာမဟုတ်ပေမဲ့..hyungကတော့ကျွန်တော့်ရဲ့အရာရာလေ" "ငါ့ကိုမုန်းလိုက်ပါhoonie " "ငါမင်းတစ်ယောက်ကိုပဲချစ်သွာ...