Part_1

1.9K 91 16
                                    

Unicode

"သားငယ်ရေ Taehyungie ကို သွားခေါ်လိုက်ဦးနော်"

မိခင်ဖြစ်သူ၏ အမှာစကားကြောင့် Soobin စိတ်မပါသော်လည်း အကိုဝမ်းကွဲဖြစ်သူ Tae Tae Hyung အား ခေါ်ရန် လမ်းထိပ်ရှိ ဂိမ်းဆိုင်သို့ ထွက်လာခဲ့ရသည်။

သူသွားမခေါ်လို့လည်း မဖြစ်ချေ။ ဂိမ်းဆော့နေချိန်တွင် ဖုန်းကို Silent လုပ်ထားတတ်ပြီး ထမင်းမေ့ဟင်းမေ့ဖြင့် အိမ်ကိုပြန်လာဖို့တောင် သတိမရတတ်သော အကိုတော်က သူသာ လိုက်မခေါ်လျှင် ဆိုင်ပိတ်ချိန် ည၁၂လောက်မှ အိမ်ပြန်ရောက်သည်လေ။

Tae Tae ၏ မေမေ တီလေးကလည်း သူတို့နိုင်ငံခြားထွက်သွားတည်းက ကျောင်းကသူငယ်ချင်းတွေနှင့် မခွဲနိုင်တာကြောင့် မလိုက်ချင်ဘူးဆိုသော သားတော်မောင် ဂျစ်တူးလေးအား သူတို့နှင့်ထားခဲ့သည်မှာ သုံးနှစ်နီးပါးပင်ရှိတော့မည်။

ထိုသုံးနှစ်အတွင်းမှာ Tae Tae က အထက်တန်းပြီးလို့ တက္ကသိုလ်ဒုတိယနှစ်ပင် ရောက်နေပြီဖြစ်သော်လည်း မပြောင်းလဲသည်မှာ ဂိမ်းစွဲနေခြင်းပင်..။

သူ၏ သုံးနှစ်တာ တာဝန်သည်လည်း Tae Tae အား လိုက်ခေါ်ရခြင်းပင်။ ထိုအလုပ်သည် သူ့အတွက် အခက်ခဲဆုံးနှင့် မလုပ်ချင်ဆုံးအလုပ်လည်းဖြစ်သည်။

"Tae Tae Hyung!! Tae Tae!!"

ဂိမ်းထဲတွင်သာ အာရုံရောက်နေသော Tae Tae အနားကပ်ကာ Soobin အသံခပ်အုပ်အုပ်ဖြင့် ခေါ်လိုက်သော်လည်း နားတွင်တပ်ထားသော Headphones ကြောင့် မကြားရပေ။

Soobin ထိုနားကြပ်အားဆွဲဖြုတ်လိုက်ချင်သော်လည်း အကိုဖြစ်သူ၏ အကြောင်းကို သိနေတာကြောင့် မ‌ဖြုတ်ပစ်ရဲပေ။

"Tae Tae!!"

အသံကို နည်းနည်းထပ်မြှင့်ကာ ခေါ်လိုက်မှ သူ့အားမော့ကြည့်လာပါသော အကိုတော်..။ သို့သော်လည်း တစ်ချက်သာဝေ့ကြည့်ကာ ဂိမ်းထံသို့ ပြန်လည်အကြည့်ရောက်သွားပြန်တာကြောင့် ဆိုလိုချင်သည့်အဓိပ္ပာယ်အား နားလည်စွာ Tae Tae ဘေးရှိ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်စောင့်နေလိုက်သည်။

"ဘာလို့သေမလို အော်နေတာလဲ Choi Soobin ရဲ့"

Headphones အားဖြုတ်ကာ စားပွဲပေါ်တင်ပြီးပြီးချင်းမှာပင် သူ့ဦးခေါင်းအား ဖတ်ကနဲရိုက်ရင်း ဆူငေါက်လာသော Tae Tae Hyung..။

𝐏𝐒5 𝐨𝐫 𝐌𝐄? (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒)Where stories live. Discover now