Part_2

526 58 2
                                    

Unicode

"သေစမ်း!! ငါ့ကိုမဟုတ်ဘဲနဲ့ လိုက်စွပ်စွဲနေတဲ့သူတွေသေလိုက်!! ရော့.. အချိန်တိုင်း ဆရာကြီးလုပ်နေတဲ့သူတွေအတွက်!!"

ပါးစပ်မှ တတွတ်တွတ်ရွတ်ကာ နှုတ်ခမ်းကိုလည်းဆူထော်ပြီး ဂိမ်းကစားနေသော အကိုအလှလေးအား Soobin ဘေးကနေ မုန့်ခွံ့ကျွေးနေရင်း ပြုံးလျက်ကြည့်နေမိသည်။

ဘာကိုအလိုမကျဖြစ်နေမှန်းမသိသော အလှလေးသည် ညနေစောင်းမှ သူတို့အိမ်ကိုရောက်ချလာပြီး Tae Tae နှင့်အတူ ဂိမ်းလာဆော့သည်။

Tae Tae ၏ နားပူနားဆာလုပ်မှုကြောင့် တီလေးတို့က ဂိမ်းစက်လေးတစ်ခုဝယ်ပေးလိုက်ပြီးတည်းက အရင်လိုဂိမ်းဆိုင်မှာ သွားဆော့စရာမလိုတော့ဘဲ လေးယောက်လုံးသူတို့အိမ်မှာသာ သောင်တင်နေတာကများသည်။ ခါတိုင်းလာလျှင် Jungkook Hyung နှင့်အတူတူလာသော်လည်း ဒီတစ်ခါတော့ Jungkook Hyung မအားလို့မလာတာတောင် တစ်ယောက်တည်းလာတာကြောင့် အတော်လေးတော့ ထူးဆန်းနေသည်။

သူတို့ခင်တာခြောက်လကျော်မျှကြာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အကိုစွာစိလေးအကြောင်းပိုသိလာရပြီး အချစ်ပိုရသည်။ ကလေးစိတ်လေးနှင့် အကိုအလှလေးသည် သူ့ကိုနည်းနည်းလေးစလျှင်တောင် ကတ်ကတ်လန်အောင် ရန်ပြန်တွေ့တတ်ပြီး စွာစိလေးဖြစ်နေပုံက အလွန်ချစ်ဖို့ကောင်းတာကြောင့် တစ်နေ့ထက်တစ်နေ့ Soobin ရဲ့အချစ်တွေက ပိုပိုတိုးလာရသည်။

မေမေကလည်း ဂိမ်းဆော့နေလျှင် ပွစိပွစိပြောတတ်သော အကိုအလှလေးအား ကြည့်ကာ အူယားနေပြီး သားလေးတော်ရလျှင် ကောင်းမည်ဟု ခဏတိုင်းပြော‌တာကြောင့် အကိုအလှလေးနှင့် လက်ထပ်ပြီးသွားလျှင် သားမက်နှင့်ယောက္ခမ မတည့်စရာတော့ လုံးဝရှိမည်မဟုတ်..။

အကိုအလှလေးနှင့် Tae Taeတို့ ဂိမ်းကစားတိုင်း Soobin နှင့် Jungkook Hyung မှာတော့ ဘေးကနေသာ ငေးကြည့်နေရကာ ချစ်ရသူကို မုန့်ကျွေးတာတို့ လိုအပ်တာတွေလုပ်ပေးရသော တာဝန်ကိုယူထားရသည်။

"Hyung မိုးချုပ်နေပြီနော် ကျွန်တော်ပြန်လိုက်ပို့ရမလား Jungkook Hyung လည်းမပါဘူးဆိုတော့ စိတ်မချဘူး"

𝐏𝐒5 𝐨𝐫 𝐌𝐄? (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒)Where stories live. Discover now