Unicode
"Hyung မပြီးသေးဘူးလား... မောင်ညောင်းလှပြီ"
ဘေးကနေမပြီးသေးဘူးလားမေးနေသော အကောင်စုတ်လေးအား ဂရုမစိုက်ဘဲ ဂိမ်းကိုသာ ဆက်ကစားနေလိုက်သည်။ သူ့မှာ ထိုအကောင်စုတ်လေးကြောင့် ဖျားချင်သလိုလိုဖြစ်နေတာမို့ အမုန်းဆုံးသော ဆေးခါးတွေကို တီမေက အတင်းတိုက်ခဲ့သည်။ ဒင်းလေးကလည်း အလိုတူအလိုပါ ဘေးကနေမသောက်မချင်း ပွစိပွစိရွတ်လို့မပြီး..။
မကျေနပ်ချက်တွေနှင့် နံရံပေါ် ခြေထောက်ကိုထောင်ကာ လက်အားကို အသုံးပြုလျက် ကင်းမြှီးကောက်ထောင်ခိုင်းထားပြီး သူဂိမ်းဆော့လို့မပြီးမချင်း မရပ်ရဟုပြောထားတာကြောင့် သူရဲ့အကြာကြီးဂိမ်းဆော့နေမှုအပေါ် ထိုကောင်လေးမှာလည်း ညောင်းနေမှာအမှန်..။
"Hyung အလှလေးရေ... တကယ်ပဲ မောင့်ကိုရက်စက်တော့မှာလား"
"ဟာ နားပူလိုက်တာ ဒီပွဲရှုံးရင် မင်းပဲနှစ်ဆပင်ပန်းမယ်နော်...ခဏလေး ပါးစပ်ပိတ်ထားပေး"
အကိုအလှလေး ဂိမ်းဆော့ပြီးမှသာ Soobin သည်လည်း လူသားကင်းမြှီးကောက်ဘဝမှ လွတ်မြောက်လေသည်။ ခြေကုန်လက်ပန်းကျနေပြီဖြစ်တာကြောင့် ကုတင်ပေါ်တက်ကာလှဲလိုက်တော့ အလှလေးဟာ ဘေးသို့မှောက်လျက်လေးလာလှဲလေပြီး သူ့မျက်နှာကိုမေးလေးထောက်ကာ ငေးကြည့်နေသေးသည်။
"အရမ်းပင်ပန်းသွားလား Binnie... မျက်နှာလေးတောင် နွမ်းသွားတာပဲ... တောင်းပန်ပါတယ် ငါကဆိုးတယ်ဆိုပြီး ငါ့ကိုတော့ထားမသွားပါနဲ့...မင်းကငါ့ရဲ့ ပထမဆုံးအချစ်မို့ နာကျင်ရမှာကိုကြောက်နေတာ"
မျက်နှာခပ်နွမ်းနွမ်းအား ငေးကြည့်ရင်းပြောတော့ Binnie သည် သူ့နည်းတူမှောက်လျက်လှဲလိုက်ပြီး သူ့ပါးပြင်လေးအား ဖြတ်ခနဲလာနမ်းလေသည်။
"မောင်လို့ခေါ်နိုင်မလား... အချစ်သာ မောင်လို့ခေါ်ရင် မောင့်ရဲ့ပင်ပန်းတာတွေလည်း ပျောက်သွားမယ်ထင်တယ်"
"အင်း.. မောင်~"
Soobin ပြောလိုက်တော့ ချက်ချင်းပင် မောင်ဟုခေါ်လိုက်ပြီး ပါးပြင်လေးခပ်ရဲရဲနှင့် မျက်နှာလှလှကိုလက်ချောင်းလှလှတို့ဖြင့် အုပ်ထားလိုက်သော အကိုအလှလေးသည် သူရှက်နေတာကိုမမြင်စေချင်သည့်ပုံ..။
YOU ARE READING
𝐏𝐒5 𝐨𝐫 𝐌𝐄? (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒)
FanfictionChoi Soobin X Choi Yeonjun Side couple - Taekook ♡︎Yeonbin Fanfiction♡︎