Part_3.2

367 55 12
                                    

Unicode

"ချစ်တယ်"

ရုတ်တရက်ဆန်စွာ ပြောလာသော Binnie စကားကြောင့် Yeonjun ၏ ရင်ခုန်နှုန်းများထိန်းမရနိုင်အောင်ပင် ဖြစ်လာခဲ့ရသည်။ သို့သော်လည်း လက်ကတော့ အလိုလိုနေရင်း ကုတင်အောက်မှသူ့ကိုမော့ကြည့်နေသော Soobin ၏ ရင်ဘက်အား ခပ်ဖွဖွတွန်းထုတ်လိုက်မိကာ ကုတင်ပေါ်တက်လှဲပြီး စောင်ကိုခေါင်းအထိလုံအောင်ခြုံထားလိုက်သည်။

အရှက်တရားနည်းပါးတတ်တဲ့သူဟာ Choi Soobin နဲ့ဆိုလျှင်တော့ အရှက်တရားတို့ ဝင်ရောက်လာတတ်သည်။ တကယ်ကို သူ့အပေါ်ထိန်းချုပ်နိုင်လွန်းသော အကောင်စုတ်လေး..။

ခဏအကြာတွင် ကုတင်ပေါ်တက်လာကာ သူ့ကိုအနောက်မှသိုင်းဖက်လိုက်ခြင်းကို ခံစားမိလိုက်သည်။

"Hyung ကျွန်တော့်ကို စိတ်ဆိုးသွားတာလား"

လေပြေအေးဖြင့် တီးတိုးပြောလာသော Soobin ကြောင့် ခြုံထားသောစောင်ကို အောက်သို့အနည်းငယ်လျှောချကာ နောက်သို့လှည့်ကြည့်မိတော့ သူ့ကိုနူးညံ့စွာကြည့်နေသော မျက်ဝန်းနက်များဖြင့် ဆုံလေသည်။

"ငါ့လက်ပေါ်က ခါး အာ ဆောရီး... ငါ့ခါးပေါ်က လက်ကိုဖယ်ပေးပါလား အနေရခက်လို့"

ရှက်လွန်းလို့စကားတွေပင် မှားနေသော အကိုအလှလေးအား စိတ်မထိန်းနိုင်စွာဖြင့် ပါးပြင်နုနုလေးကို အနမ်းခြွေမိတော့ တအံ့တဩဖြင့် မျက်တောင်လှလှတို့အား တဖျတ်ဖျတ်ခတ်ကာ သူ့အားပါးစပ်လေးဟပြီး ကြည့်နေပုံမှာ အူယားစဖွယ်အတိ..။

"Yrrr Choi Soobin!! ဘာလုပ်တာလဲ!!"

သတိဝင်လာချိန် လှဲနေရာမှအမြန်ထကာ Soobin ခေါင်းအား ခွက်ကနဲမြည်အောင်ခေါက်လိုက်မိသည်။

"ဟီး ဆောရီး Hyung က အရမ်းချစ်ဖို့ကောင်းနေတော့ ကျွန်တော်နည်းနည်းစိတ်လွတ်သွားလို့ပါ"

ပါးချိုင့်များထင်းနေအောင် ပြုံးပြကာ တောင်းပန်စကားဆိုနေသော Binnie အား သူ့ဘက်ကလည်း သာမန်ထက်ပိုသော ခံစားချက်များရှိနေကြောင်း ပြောချင်သော်လည်း အခုနေပြောလိုက်လျှင် အရမ်းအပေါစားဆန်ပြီး သူ့ခံစားချက်များကိုပေါ့ပေါ့တန်တန်တွေးမှာလည်း စိုးရိမ်လွန်းလှသည်။

𝐏𝐒5 𝐨𝐫 𝐌𝐄? (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒)Where stories live. Discover now