Unicode
"ဟန်နီ ပါးစပ်ဟ အာ..."
"အစေ့တွေထုတ်လိုက်ဦး ဒါလင်"
"ဟုတ်ပြီဗျာ"
Screen ပေါ်ကနေအကြည့်မခွာနိုင်ပဲ အမိန့်လှလှလေးများပေးနေသော ဟန်နီအား Jungkook မှာ အပြစ်မတင်ရက်ပေ..။ သူ့မှာ ဒီအဆိုးလေးဟန်နီကိုချစ်မိတာကြောင့် ဟန်နီ လုပ်သမျှအရာရာသည် ချစ်ဖို့ကောင်းနေတော့သည်။ သို့သော် စိတ်ဆိုးတဲ့ပုံလေးကိုလည်း မြင်ချင်မိတာကြောင့် ဖရဲသီးလေးကို အစေ့မထုတ်ဘဲ ဟထားသော ပါးစပ်လေးထဲသို့ထည့်လိုက်တော့ Yeonjun နှင့် Soobin တို့ဆော့နေသော ဂိမ်းကိုအာရုံရနေရာမှ သူ့ထံသို့ အာရုံပြောင်းလာတော့သည်။ သို့သော်လည်း ဒေါသထွက်နေသောကျားပေါက်လေးက နားကွဲမတတ်အသံကျယ်ဖြင့် နားရွက်ကိုဆွဲလိမ်ကာ...
"Jeon Jungkook ငါသေတာမြင်ချင်နေတာလား ဟမ်!!"
Taehyung အစေ့တွေဝါးလိုက်မိတာကြောင့် ဒေါသထွက်ထွက်ဖြင့် မေးလိုက်တော့ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ဖြီးပြလေသော Jeon Jungkook ခေါ် ဒါလင်..။ စိတ်ဆိုးပါမယ်ဆိုမှ မြင်လိုက်ရသော ပါးချိုင့်ရေးရေးလေးကြောင့် ဒေါသကိုပြန်ရုတ်သိမ်းလိုက်ရသည်။
"ချစ်လို့စတာမို့ ဟန်နီလေးက စိတ်မဆိုးရဘူးနော် အာဘွား"
"ဒါလင်!!"
ပြောပြောဆိုဆိုဖြင့် နှုတ်ခမ်းကိုမထိတထိလာနမ်းပြန်သော ဒါလင်ကြောင့် အလန့်တကြားဖြင့် ဂိမ်းဆော့နေသော ကလေးနှစ်ယောက်ကိုကြည့်မိတော့ သူတို့အာရုံနှင့်သူတို့မို့ Taehyung တို့နှစ်ယောက်ကို သတိတောင်ထားမိပုံမပေါ်..။
"ဟူးး...တော်သေးတယ်မမြင်သွားလို့...မင်းဂာလေ ရှေ့မကြည့်နောက်မကြည့်နဲ့ ကလေးတွေမြင်သွားရင် ရှက်စရာကြီးကို"
ဒါလင်၏ အနည်းငယ်ပွသယောင်ဖြစ်နေသော နှာခေါင်းလေးအား ဆွဲညှစ်ပြီးပြောလိုက်တော့ သူ့နှာခေါင်းကိုသူပြန်ကိုင်လိုက်ရင်း မျက်နှာကိုဆူပုပ်ကာဖြင့်...
"ဟန်နီ မသိတာကျလို့ Choi Yeonjun ဆိုတာ ဂိမ်းဆော့နေရရင် သူ့ကိုချီခေါ်သွားရင်တောင် သိမဲ့လူမဟုတ်ဘူး... ပြီးတော့ Soobin ကလည်း သူ့အလှလေးကိုအပိုင်ရချင်တာနဲ့ ဂိမ်းထဲဝင်သွားမတတ် အာရုံစိုက်နေတာလေ"
YOU ARE READING
𝐏𝐒5 𝐨𝐫 𝐌𝐄? (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒)
FanfictionChoi Soobin X Choi Yeonjun Side couple - Taekook ♡︎Yeonbin Fanfiction♡︎