Part-6

344 37 1
                                    

Unicode

"မောင်... ငါ့ကိုဒီနေ့အိမ်ပြန်လိုက်ပို့ပေးမယ်မို့လား"

ဂိမ်းဆော့လို့အားရတော့ သူ့ရင်ခွင်ထဲသို့ တိုးမှီရင်း ပြောလာသော အချစ်ပေါက်စလေးသည် ခုနကတော့ သူ့ကိုပင်သတိရရဲ့လားမသိ..။

"ဘာလို့လဲ Jungkook Hyung လည်း ပါတာပဲကို... ဒီနေ့မောင်က အပြင်သွားမှာမို့ အချစ်ကိုလိုက်ပို့လို့မရလောက်ဘူး"

"ဟာ... ဘယ်သွားမှာမို့ ငါ့ထက်အရေးကြီးနေရတာလဲ!? နောက်တစ်ယောက်တွေ့နေတာလား? အဲ့လိုသာဆို တီမေ့ကိုတိုင်ပြီး ငါနဲ့လည်း ထပ်တွေ့ရမယ်မထင်နဲ့နော် Choi Soobin"

"အမလေး ကြောက်ပါတယ်ဗျာ မောင်ကစတာပါ... ဒီအချစ်ဆုံးပေါက်စလေးကလွဲပြီး ချစ်ရတဲ့သူဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး"

နှုတ်ခမ်းလေးဆူထော်ကာ ချစ်စဖွယ် ပြောနေသော သူ့အချစ်လေးသည် သူ့ထက်ပင်သဝန်တိုတတ်လွန်းသည်။ တကယ်တော့ Soobin မှာ အပြင်သွားဖို့မရှိသော်လည်း ဂိမ်းဆော့နေချိန်တစ်လျှောက်လုံး သူ့ကိုအရေးမလုပ်သော အချစ်ပေါက်စအား စနောက်ချင်၍သာ ပြောလိုက်ခြင်းဖြစ်သည်။ မေမေ့ကိုလည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးအားပြောထားနှင့်ပြီးတာကြောင့် တစ်ခုခုဆိုမေမေနှင့်ခြိမ်းခြောက်တတ်သော အချစ်နှင့် ဘာဖြစ်ဖြစ်အမြဲတမ်းလိုလို သမက်လောင်းလေးဘက်မှသာ ကာကွယ်တတ်သော မေမေတို့သည် တစ်ဖက်ဖြစ်ကာ သူ့မှာတော့တစ်ယောက်တည်း ဘက်ပဲ့နေရသည်။

အကိုဖြစ်သူ Tae Tae မှာလည်း အားတဲ့အချိန် Jungkook Hyung မရှိလျှင် ဂိမ်းဆော့သည်၊ Jungkook Hyung ရှိလျှင် တတွတ်တွတ်နှင့် Hyung အား ရန်ရှာသည်၊ ပြီးလျှင် အမြဲအလျှော့ပေးတတ်သော Jungkook Hyung ကြောင့် ပြန်တည့်သွားပြန်ကာ သူ့ဘက်ကပါပေးဖို့မပြောနှင့် နှစ်ယောက်သားက တွေ့တာနှင့် တောက်တဲ့လိုကပ်နေကြသည်။

အခုလည်း နှစ်ယောက်သားက အခန်းထဲဝင်သွားကြပြန်တာကြောင့် ဧည့်ခန်းအတွင်း သူတို့အတွဲသာ ရှိတော့သည်။

"အချစ် ဒီနေ့အိမ်မပြန်ပါနဲ့တော့လား? Tae Tae နဲ့ Jungkook Hyung တို့ လက်ထပ်ပွဲအတွက် မနက်ဖြန်ကျရင် တီလေးလာမှာကို သွားကြိုဖို့ လေဆိပ်ကို အတူတူသွားကြမယ်လေ"

𝐏𝐒5 𝐨𝐫 𝐌𝐄? (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒)Where stories live. Discover now