Part_3.1

397 52 1
                                    

Unicode

ကုတင်ထက်တွင်ထိုင်ကာ ဖုန်းထဲမှဂိမ်းအား သဲကြီးမဲကြီးကစားနေသော အကိုအလှလေးသည် Soobin အင်္ကျီကိုဝတ်ထားတာကြောင့် အင်္ကျီအကြီးကြီးထဲတွင် လူကောင်လေးပိုသေးသွားသလိုဖြင့် ချစ်စရာကောင်းလွန်းလှသည်။

"Hyung မေမေက ထမင်းစားရအောင်တဲ့"

"ဟုတ်ပြီ ဟုတ်ပြီ ခဏနော်... ဒီတစ်ပွဲပြီးရင် လာခဲ့မယ်"

အကိုအလှလေးပြီးသည်အထိ ဘေးမှာထိုင်ကာ ငေးကြည့်နေခဲ့ပြီး အကိုပြီးမှသာ အောက်သို့အတူတူဆင်းလာခဲ့သည်။

"သားသား ဒီနေ့ညတော့ အိမ်ပြန်အိပ်လိုက်ပါလားကွယ် သုံးရက်တောင်ရှိပြီဆိုတော့ သားအိမ်ကလူတွေစိတ်ပူနေလိမ့်မယ်"

"ဟုတ်ကဲ့ တီမေ... သားမနက်ဖြန်ဖြစ်ဖြစ်ပြန်လိုက်ပါ့မယ်"

"အင်းပါ သားနေချင်လည်း ဆက်နေလို့ရတယ်နော် တီမေက သားအိမ်ကလူတွေစိတ်ပူနေမှာစိုးလို့ရယ်"

"ဟုတ်ကဲ့"

အိမ်ပြန်မလာတာတောင် တစ်ချက်ဖုန်းမဆက်သောအိမ်ကြောင့် အလွန်ပင်စိတ်ပျက်ဝမ်းနည်းလှသော်လည်း တီမေတို့မိသားစုကသူ့အား နွေးထွေးမှုနှင့်ပျော်ရွှင်မှုပေးခဲ့တာမို့ အနည်းငယ်တော့ခံသာပါသေးသည်။ မနက်ဖြန်တော့ ကျောင်းပိတ်ရက်လည်းပြီးဆုံးပြီမို့ မပြန်လို့မဖြစ်တော့ပေ..။

အမေအရင်းနှင့်မခြား သူ့အပေါ်ဆက်ဆံတတ်သော တီမေသည် ပါးချိုင့်ထင်းထင်းနှင့် ရုပ်ရည်ရော စိတ်ထားလေးပါ လှပလွန်းသူ အမျိုးသမီးတစ်ဦး..။ အင်း... Bin က တီမေနှင့်တူလို့ ပါးချိုင့်လေးနှင့် ကြည့်ကောင်းလွန်းနေသည် ထင်ပါရဲ့..။

စားသောက်ပြီးချိန်တွင် တီမေ့အား ပန်းကန်များကူညီသိမ်းဆည်းပေးလိုက်သည်။ အိမ်မှ စိတ်ဆိုးလာသော သူ့ကိုခေါ်ကျွေးထားရုံနှင့်ပင် အလွန်ကျေးဇူးဖို့ကောင်းနေတာကြောင့် တီမေတို့က မလုပ်ရန်တားသော်လည်း သူတတ်နိုင်သမျှတော့ ကူညီပေးရမည်လေ..။

"Hyung နားတော့လေ ကျန်တဲ့ပန်းကန်တွေ ကျွန်တော်ဆေးလိုက်မယ်"

"ရပါတယ် ငါက ခြေရောလက်ရော အကောင်းကြီးရှိသေးလို့ 24/7 ဂိမ်းဆော့ဆိုရင်တောင် ဆော့နိုင်ပါတယ်ကွ"

𝐏𝐒5 𝐨𝐫 𝐌𝐄? (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒)Where stories live. Discover now