5

425 44 0
                                    

Unicode

"ရပ်စမ်း!"

ဂိတ်ပေါက်ဝကိုခပ်တည်တည်ဖြင့် ကျော်မည်လုပ်တော့ အစောင့်ဉီးလေးကြီး၏ တားမြစ်သံကိုကြား၍ လှမ်းနေသည့်ခြေလှမ်းများအား တုံ့ခနဲရပ်ရသည်။

"မင်းဘယ်သူလဲ?"

အစောင့်ဉီးလေးကြီးသည် Jiminမျက်နှာကို စူးစမ်းသောအကြည့်ဖြင့် လိုက်ကြည့်ကာမေး၏။သို့ပေမဲ့ တော်သေးသည်ဟုဆိုရမည်...။ ဒီမှာနေစဉ်တလျောက်ဝတ်ရသော အပြာရောင်ဝမ်းဆက်ကို ဝန်ထမ်းများနားနေခန်းမှ သင့်တော်မည့်ဝတ်စုံကိုယူဝတ်ထားခြင်းဖြစ်သည်။ထို့နောက် ဆေးရုံကောင်တာနားမှ အသင့်ထားပေးထားသော Maskကို ခပ်တည်တည်ဖြင့်ယူတပ်ကာ ရုပ်ဖျက်ထားလိုက်သည်။

"ဒီက...ဝန်ထမ်းပါ"

"ဒါဆို...ဝန်ထမ်းကတ်ပြ!"

တောင်းနေသောကတ်ကို ခပ်တည်တည်ဖြင့်ကမ်းပေးလိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲသို့လက်တဖက်ထည့်၍ စောင့်နေလိုက်သည်။သို့သော် အလိမ်ပေါ်မည်ကိုကြောက်၍ ဘောင်းဘီအိတ်ကပ်ထဲမှလက်သည် မသိမသာတုန်ယင်နေပေသည်။maskမချွတ်ခိုင်းတာပဲ တော်သေးသည်။

ထို့နောက် စိုးရိမ်ထိတ်လန့်နေမိသောစိတ်ကြောင့် နံဘေးတွင်ရပ်နေသော Hyungကို အားကိုး​သော အကြည့်ဖြင့်လှမ်းကြည့်မိသည်။Hyungသည်လည်း သူ့အားပြန်လည်ကြည့်ကာ လက်တဖက်ကို ဆုတ်ကိုင်၍ ခေါင်းတချက်ငြိမ့်ပြကာ အားပေးလာလေသည်။ မကြာမီ အစောင့်ဉီးလေးကြီးမှ ကတ်ကိုင်ကာ အနားပြန်လာ၍ လက်ထဲပြန်ထည့်ပေးသည်။

"သွားတော့"

"ဟင်..."

ခွင့်ပြုချက်ကြောင့် အံ့သြဝမ်းသာစိတ်ဖြင့် နံဘေးမှHyungမျက်နှာကိုလှမ်းကြည့်မိသည်။ သူလှည့်ကြည့်သလို အစောင့်ဉီးလေးကြီးသည်လည်း Hyungရှိရာသို့ လှည့်ကြည့်လေသည်။ထို့နောက် အမည်ဖော်မရသောမျက်လုံးများဖြင့် ဉီးလေးကြီးမှာ Jiminမျက်နှာကိုတချက်ကြည့်၍ ဂိတ်တဲဆီသို့ ပြန်သွားလေသည်။ထိုသို့ပြန်လှည့်ကာသွားသော အစောင့်ဉီးလေးကြီး၏ ကျောပြင်ကိုကြည့်၍ Jiminသည် စိတ်ထဲမှ ခပ်ရွှတ်ရွှတ်ပြောပစ်လိုက်သည်။

BLURWhere stories live. Discover now