10

337 37 5
                                    

Unicode

"Jiminရာ..."

ဒေါက်တာJungသည် မျက်ရည်အဝိုင်းသားနှင့် Jiminနာမည်ခေါ်ကာ လက်ကိုဆေးထည့်၍ ပတ်တီးစည်းပေးနေလေသည်။

"Jimin...စောစောက...ဘယ်လိုဖြစ်တာလဲ၊ဟို ဟိုလေ အသိစိတ်လွတ်ထွက်ပြီး လက်ကိုဒါမျိုးလုပ်လိုက်တာလား...မှတ်ရော မှတ်မိရဲ့လား"

"မှတ်မိတယ်...အားလုံးကိုမှတ်မိတယ်...ဘာအသိစိတ်မှလဲမလွတ်ဘူး...အသိစိတ်ကပ်လွန်းလို့ ဒေါသတွေအသေ ထွက်နေရတယ်"

"ဟင်း...ဒါဆိုအသိစိတ်ရှိရက်နဲ့ လက်ကိုဒါမျိုးလုပ်လိုက်တာပေါ့.."

ဒေါက်တာJung၏တီးတိုးစကားကို Jiminသည် မျက်မှောင်ကျူတ်ကြည့်ကာ အလိုမကျသလိုပြောလာလေသည်။

"ဟျောင်းပြောတာ...ဘာအဓိပ္ပါယ်လဲ"

"ဟမ်...ဘာ...ဘာမှမဟုတ်ပါဘူး...ကိုယ့်ဒေါသနဲ့ကိုယ့်ကိုအနာတရဖြစ်အောင်လုပ်လို့ပြောနေတာ"

"သူက...ဒေါသထွက်အောင်လုပ်တာကို"

"အာ့နဲ့ပဲ...ကိုယ့်ကိုထိခိုက်အောင်လုပ်ရလား...ကလေးပြောတဲ့တယောက်က..တကယ်ပဲကလေးကို စိတ်ဆိုးအောင်လုပ်တာဟုတ်ရဲ့လား"

Jiminသည်သူ့အားမယုံသင်္ကါမေးနေသော ဒေါက်တာကိုမျက်စောင်းနှင့်တချက်ကြည့်ကာ ဒေါက်တာလက်ထဲတွင် ဆေးထည့်ခံနေသော သူ့လက်အားအတင်းပြန်ရုန်းကာ တဖက်လှည့်သွားလေသည်။

"ဟူးးးးးး"

ဒေါက်တာသည် ရင်ထဲပူလောင်နေသောအရာများကို လေပူနှင့်အတူမှုတ်ထုတ်ပစ်လိုက်သည်။တကယ်ပဲ အရာအားလုံးကိုမှတ်မိတယ်ဆိုတဲ့ ကလေးက သူမှတ်ထားတဲ့အရာတွေဟာ တကယ်အမှန်ရော ဟုတ်ပါရဲ့လား။ခုတလော ကလေးရောဂါသက်သာလာသည်ဟု ဆိုရုံရှိသေး ခုထပ်ဖြစ်ပြန်သည်။

"ဟင်းးးးမိုးလည်းချူပ်နေပြီ ကလေးနားတော့...တခုခုလိုတာရှိရင်ပြောလိုက်...အပြင်မှာကလေးကိုစောင့်ပေးနေတဲ့လူရှိတယ်...ဟျောင်းကဒီည ဂျူတီရှိတယ်"

Jiminသည် စကားပြန်မပြောပဲ ခေါင်းတချက်ငြိမ့်ပြကာ အိပ်ယာထက်သို့လဲလျောင်းသွားလေသည်။ထို့ကြောင့် ဒေါက်တာလည်း Jiminကိုယ်ပေါ်သို့ စောင်အပါးတထည်ခြုံပေးကာ ထွက်လာခဲ့တော့သည်။

BLURDove le storie prendono vita. Scoprilo ora