18

310 36 10
                                    

Unicode

ဒေါက်တာနှင့်အိမ်တော်ထိန်းကြီးအပါအဝင် ပါလာသောလူအင်အားအနည်းငယ်ဖြင့် လမ်းကြိုလမ်းကြားများပါမချန် ဝင်ထွက်ကာ Hyungအားလိုက်ရှာကြလေသည်။နောက်ဆုံးမည်သို့မှရှာမရ၍ Joonကားတိုက်သည်ဆိုသော လမ်းထိပ်အပါအဝင် လမ်းတလျောက်ရှိ CCTVများအားပြန်ကြည့်ရန် စုံစမ်းခိုင်းရတော့သည်။

"ဒေါက်တာ..."

ဒေါက်တာနှင့်အိမ်တော်ထိန်းကြီးသည် စတိုးဆိုင်တစ်ခု၏ CCTVကို အကူညီတောင်း၍ ကြည့်နေစဉ် ဉီးလေး၏ခေါ်သံကြောင့်လှည့်ကြည့်မိသည်။

"တွေ့ပြီး...ဒေါက်တာ...ကားအမျိုးအစားရော နံပါတ်ရောသိရပြီ"

အိမ်တော်ထိန်းသည် သတင်းအစရသည်နှင့် အသိမိတ်ဆွေတယောက်အား ဖုန်းလှမ်းဆက်ကာ သိလိုက်ရသော ကားအမျိုးအစားနှင်နံပါတ်အား စုံစမ်းခိုင်းလေသည်။မိနစ်20လောက်စောင့်ပြီးချိန်တွင်တော့ Hyungအားဖမ်းခေါ်သွားသော ကား၏တည်နေရာကို သိလိုက်ရလေသည်။

"Jung...အိမ်မှာကလေးတယောက်ထဲကျန်ခဲ့တယ်...အိမ်မှာပြန်စောင့်...Taehyungနောက်ကိုယ်လိုက်သွားမယ်"

"ဘယ်လိုလုပ်တယောက်တည်း ဖြစ်မှာလဲ...ကျနော်လည်း လိုက်မယ်"

"Jung...သူတို့က စိတ်မချရဘူးလေ...အိမ်မှာကလေးတယောက်တည်း"

အိမ်တော်ထိန်းကြီး၏ ကျိုးကြောင်းသင့်သောစကားကြောင့် ဒေါက်တာသည် လက်ခံလိုက်ရကာ အိမ်တွင်စောင့်နေသော Jiminဆီသို့ပြန်လာခဲ့ရတော့သည်။

"ဒါ...ဒါဆို..လိုက်သွားရအောင် ဟျောင်း...အိမ်တော်ထိန်းကြီးစကားအတိုင်းတော့ အိမ်မှာမနေနိုင်ဘူး"

"ဒီခြေထောက်နဲ့ဘယ်လိုလိုက်မလဲ...ဟျောင်း..ကားလာပြန်ယူတာ...ဟျောင်းပဲလိုက်သွားလိုက်မယ်...
Jiminကိုတော့ စိတ်ချရမဲ့အသိအိမ်မှာ အပ်ခဲ့မယ်...အာ့မှာစောင့်နေ"

ဒေါက်တာ၏စကားများကို နားထောင်ပြီးမှတော့ သူအိမ်မှာလုံးဝမနေခဲ့နိုင်ပေ။ထို့ကြောင့် ဒေါက်တာစကားများကို ခေါင်းသွင်သွင်ခါ၍ ​ခါးခါးသီးသီးငြင်းဆန်မိသည်။

"မစောင့်ဘူး!!!ကျနော်က...ဘယ်လိုစိတ်နဲ့ ထိုင်စောင့်နေရမှာလဲ...ဒီခြေထောက်နာတာလောက်က Hyungအဖမ်းခံရတာလောက် အရေးကြီးပါ့မလား"

BLURDonde viven las historias. Descúbrelo ahora