20

340 34 23
                                    

Unicode

"ဒါ...ဒါဆို Jiminရဲ့နှလုံးအဆို့ရှင်ကိုပဲ... Helenအစားထိုး ကုသဖို့အတွက် လှူခိုင်းရမှာလား"

"ဝုန်း...."

ပျံလွင့်လာသောအထဲမှစကားသံတို့ကြောင့် Hyungသည် ဒေါသအမှောင်ဖုံးကာ ဟ,နေသောတံခါးကို အားကုန်တွန်းဖွင့်လိုက်လေသည်။သင့်လျှော်သည် မသင်လျှော်သည် မတွေးမိတော့ စိတ်ထဲ၌အရာအားလုံးတစစီလုပ်ပစ်ချင်စိတ်များသာကြီးစိုးနေသည်။

"ခင်ဗျားကြီး...တောက်!"

"ခွပ်!ခွပ်!"

"အမလေး..."

တံခါးအားတွန်းကန်ဖွင့်ပြီးသည့်နောက် Hyungသည် mr.parkရှိရာသို့ ခြေလှမ်းကျဲဖြင့်လှမ်းသွားကာ ရင်ဘက်အားစောင့်ဆွဲ၍ မျက်နှာပြင်ပေါ်သို့ ဆက်တိုက်ထိုးချပစ်လေသည်။

"တော်ပါတော့ဗျာ...စိတ်လျော့ကြပါ"

"ကျေး...ကျေဇူးပြု၍ တော်ပါရှင်...လူသေသွားလိမ့်မယ်"

အခန်းတွင်းရှိဆရာဝန်နှင့်အမျိုးသမီးသည် Mr.parkအား အပေါ်မှဖိ၍ ဆက်တိုက်ထိုးနေသော Hyungအားအတင်းဆွဲကာ တားရတော့သည်။

"Park Jiminက...ခင်ဗျားသားဆိုတာကို မေ့နေ​ပြီလား...တောက်!"

"ဝုန်း!"

Hyungသည် ဒေါသတကြီးအော်ပြောပြီးနောက် အနားရှိ ထိုင်ခုံများကို ကန်ချလိုက်လေသည်။

"ငါ့သားကိစ္စ...ငါ့ဘာသာ ဘယ်လိုဆုံးဖြတ်ဆုံးဖြတ် မင်းနဲ့ဘာဆိုင်လဲ!!"

Mr.parkသည် ညိုမဲနေသောမျက်နှာကိုရှုံ့မဲ့လျက် နူတ်ခမ်းထောင့်မှထွက်လာသော သွေးများအား လက်ခုံဖြင့်ဆွဲသုတ်ပစ်ရင်း ဒယိမ်းဒယိုင်ထရပ်ကာ ပြောလာလေသည်။

"ခင်ဗျား မွေးထုတ်ပေးရုံနဲ့...သူ့ဘဝတလျောက်လုံးကို ဝင်စွက်ဖက်ခွင့်ရှိပြီထင်လား"

ပါးလွှာသောနူတ်ခမ်းကို ခပ်တင်းတင်းစေ့ကာ အတွင်းသားများနီရဲနေသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်ကာ Hyungလေသံမှာလည်း အလွန်မာထန်လျက်ရှိသည်။

"လူတယောက်ရဲ့အသက်ကို ခင်ဗျားဆုံးဖြတ်ချင်တိုင်းဆုံးဖြတ်ရအောင်...ခင်...ခင်ဗျာ..ဟာ.. အတ္တကြီးပြီး ရွံစရာကောင်းတယ်...တောက်!!"

BLURWhere stories live. Discover now