Unicode
"ဟားဟားဟား...ဟား"
"မပြေးနဲ့လေ..."
"ပြေးမှာပဲ..Hyungမိအောင်ဖမ်း..."
သင်းပျံ့သောရနံ့တို့ လွှမ်းခြုံနေသော ပန်းခင်းကြီးအလယ်တွင် Jiminသည်ပြေးလွှားလျက်ရှိသည်။ထို့ပြင် Hyungသည် သူ့အားလိုက်မှီတော့မလားဆိုသည့် စိတ်ဖြင့် အနောက်သို့လှည့်မကြည့်စတမ်းပြေးနေမိသည်။
"ကလေး....ချော်လဲမယ်လေ သတိထား"
"ဟားဟား...ဟားဟား...Hyungဖမ်းနိုင်ရင်...လိုက်ဖမ်းလေ"
Jiminသည်ပန်းခင်းကြီးအလယ်တွင် ပြေးလွှားနေရင်းမှ ရီမောရင်းကောင်းကင်ကိုမော့ကြည့်လိုက်သည်။ပြာလွင်နေသော ကောင်းကင်ပြင်တွင်အုပ်လိုက် ပျံသန်းနေကြသော ငှက်များသည် ကောင်းကင်ယံထက် ဆူညံစွာရှိလေသည်။ထိုသို့ပြေးလွှားနေရင်းက ဖြည်းနှေးညှင်းသွဲ့စွာတိုက်ခက်လာသော လေပြေလေးများသည် အင်္ကျီစတဖတ်အား ဆွဲလွှဲလှုပ်ခတ် ကလူကျီစယ်လာလေသည်။
"Hyungရေ...ငှက်ကလေးတွေကို ကြည့်ပါအုန်း"
ပန်းခင်းကြီး၏တနေရာအရောက်တွင် ပြေးလွှားနေသောJiminသည် ခြေလှမ်းများကိုရပ်ပစ်ကာ Hyungအားပြောလေသည်။သို့သော် အနောက်ဘက်တွင်ပြေးလိုက်လာသော Hyung၏ပြန်ဖြေသံကိုသူမကြားရ။အနောက်မှပါလာလေမလားဟူ၍ နားစိုက်ထောင်မိပေမဲ့ သူ့အားတိုးတိုက်ကာဖြတ်ပြေးနေသော လေသံများကိုသာ ကြားရလေသည်။
"Hyung...."
ထပ်မံခေါ်ကြည့်ပေမဲ့ ပြန်ထူးသံမကြားရ၍ တဖြည်ဖြည်း စိုးရိမ်ထိတ်လန့်စိတ်များကြီးစိုးလာရသည်။ထို့ကြောင့် အတတ်နိုင်ဆုံးစိတ်ကိုငြိမ်ငြိမ်ထားကာ Hyungရှိသည့်အနောက်ဘက်သို့လှည့်ကြည့်မည်အပြု ခန္ဓာကိုယ်တခုလုံးသည် သူ့အမိန့်ကိုမနာခံ ထိုနေရာတွင်သာ တောင့်တင်းခိုင်မြဲစွာရပ်နေလေသည်။
"ဟူးးးးဟူးးး"
ထိုနေရာတွင်ရပ်နေရင်းမှ တဖြည်းဖြည်းတိုးတိုက်နေသော လေပြေများသည် မည်သည့်အရပ်သို့ ပြန်ပြေးကုန်သည်မသိ တဖြည်းဖြည်းကြမ်းတမ်းလာသည်။ စောစောမှကြည့်လင်နေသော ကောင်းကင်သည်လည်း ချက်ချင်းမဲမှောင်တတ်လာကာ မိုးများသည်းကြီးမဲကြီးရွာချတော့သည်။
VOUS LISEZ
BLUR
Fanfictionအဘယ်မျှသောကြမ်းတမ်းသည့် မုန်တိုင်းမျိုးဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါစေ ကိုယ့်အနားမှာမင်းသာရှိမယ်ဆိုလျှင်ဖြင့်....