14

360 39 12
                                    

Unicode

"ဖြောင်း!"

ရိုက်သံတချက်ကျယ်လောင်စွာထွက်ပေါ်လာကာ အရိုက်ခံရသူ၏ မျက်နှာသည်တဖက်သို့ လည်ထွက်သွားလေသည်။

"မင်းအတော် စောက်သုံးမကျတာပဲ Joon...တောက်"

ဒီကိုခြေဦးမလှည့်ပဲ နိုင်ငံခြားတွင်သာ အခြေချနေထိုင်နေသည့် သခင်ကြီးသည် တနှစ်ကျော်ကြာနေပြီးသောအချိန် ယနေ့မနက်မှ ဗြုန်းစားကြီးရောက်ချလာကာ သူ့အားမြင်မြင်ခြင်းပင် အားကုန်ရိုက်ချဆဲဆိုနေလေသည်။သူသည်သာလျှင် သခင်ကြီး၏ ရိုက်ချက်များကို ဘုမသိဘမသိ ခံယူနေရသည်။

"တောင်းပန်ပါတယ်...သခင်ကြီး"

"လွန်ခဲ့တဲ့နှစ်တွေက မင်းအမေဆေးဖိုး၊မင်းမိသားစုစရိတ်စကတွေကို ငါထောက်ပံ့ပေးထားတာ...တချိန်မှာ မင်းဟာ ငါ့ရဲ့လက်ရုံးတဆူဖြစ်လာဖို့ပဲ"

Joonသည် ဖခင်ဆုံးပါးပြီးနောက် မိသားစု၏စားဝတ်နေရေးကိစ္စအဝဝကို ငယ်ရွယ်စဉ်မှာပင် တာဝန်ယူခဲ့ရသည်။ခက်ခဲကြမ်းတမ်းစွာ ရှာဖွေပါသော်လည်း မိသားစုအား လုံလောက်စွာမထောက်ပံ့နိုင်သည့်အပြင် မိခင်ဖြစ်သူမှာ Leukemia ရောဂါဖြစ်ပွားလာသည်ဟု သိလိုက်ရသည့်အခါ စိတ်ရောကိုယ်ပါ ပြိုလဲခဲ့ရသည်။

လူတစ်ဉီး၏ဘဝ၌ တခါလောက်တော့ ထီ​ပေါက်သကဲ့သို့ ကံကောင်းမှုမျိုးနှင့် ကြုံလေ့ရှိသည်ဟုဆိုခဲ့လျှင် သူ့ဘဝ၏ ကံအကောင်းဆုံးအချိန်သည် Mr. Parkနှင့်တွေ့ဆုံခဲ့ရသည့်အချိန်ဖြစ်လိမ့်မည်။ထိုသို့သော ကံကောင်းမှုအပြင် ဆုလာဘ်အဖြစ် အထူးပါဝင်လာသော Jiminသည် သူ့ဘဝ၏ အဖိုးတန်ဆုံးအရာများထဲမှ တခုပင်ဖြစ်ပေသည်။

"ဘုန်း! အာ့မှာကြည့်စမ်း"

စားပွဲပေါ်သို့ပစ်ချလာသော စက္ကူအိတ်ကိုဖောက်ကာ ဖွင့်ကြည့်လိုက်လျှင် သူအရိုက်ခံရသည့် အကြောင်းရင်းကိုသိလိုက်ရလေသည်။အဘယ်ကြောင့်ဆိုသော် စက္ကူအိတ်ထဲတွင် ကလေးနှင့်MD Kim Taehyung ပုံကို ရူ့ထောင့်အမျိုးမျိုးမှရိုက်ထားသော ဓာတ်ပုံများဖြစ်နေသောကြောင့်ဖြစ်သည်။ကလေးကို ပြီးပြီးရော နေထိုင်ခွင့်ပြုကာ လွှတ်ထားမည်မဟုတ်မှန်းသိပေမဲ့ ဒီပုံတွေကိုတော့ ဘယ်ချိန်ထဲကရိုက်ယူခဲ့သည်မသိ သူမတွေ့ဖူးသော အခိုက်အတန့်တွေပင်ပါကာ များပြားလွန်းလှသည်။

BLUROù les histoires vivent. Découvrez maintenant