အပိုင်း(၂၄)
အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ လေပြီ။ အချိန်တွေက လည်း နောက်ပြန်ဆုတ် လို့ မရတော့ ပေ။ ရှက်အမ်းအမ်း ဖြစ်သွား သော အန်တီ ရဲ့ မျက်နှာ နှင့် အတူကြယ်လည်း ဖြစ်ပေါ် လာမယ့် ပြဿနာကို ရင်ဆိုင် ဖို့ ရဲဆေး တင် လိုက် ရ ပါ သည်။
အခုချိန်ထိ တံခါး ပေါက် မှာ အံ့ဩ တစ်ကြီး ရပ် နေတဲ့ ကြီးဝင်း ရဲ့ မျက်နှာ ကို ရင် ဆိုင် ဖို့ အတွက် လွန်း မှာ လည်း လျော့ရဲရဲ ဖြစ်နေသော ခန္ဓာကိုယ်ကို ခပ်မတ်မတ် ထိုင် လိုက် ပြီး ကြီးဝင်း ပြောမယ့် စကား ကို နားစွံ နေလိုက် လေသည်။
မြင်လိုက်ရသော မြင်ကွင်း အား မမြင်ပါ ဘူး ဟု လျစ်လျှူရှု့ လိုက် ဖို့ တော့ မဖြစ်နိုင်ပေ။ ဘယ် ကနေ ဘယ် လို ပြော ရမလဲ မသိ ခင် မှာ လွန်း ဖက် က စကား သံ ထွက် လာ လေ သည်။
လွန်းမှ
"ကြီးဝင်း ထိုင် ဦး လေ လွန်း မုန့်ဟင်းခါး လာ ပို့ တာ"ယောင်နန ဖြင့် တံခါးပေါက် မှ ခွာလာ ကာလွန်း အား
"ရောက်တာ ကြာပြီ လား သမီး"
"ဟုတ် နည်း နည်း တော့ ကြာ နေ ပြီ"
"ကြယ် ဒါ လေးသွားသိမ်း လိုက် ပါ ဦး "စား ပွဲပေါ်ကို လှမ်း ကြည့် လိုက် တော့ လွန်း နဲ့ ကြယ် ရဲ့ နှစ်ယောက် တွဲ ပြီး ရိုက် ထား သောဓါတ်ပုံတစ်ချို့။ကြယ် ကမန်းကတန်း ယူသိမ်း လိုက် တဲ့ ပုံအချို့ မှာ ခုနက မြင်ကွင်း နှင့် ထပ်တူ ကျစွာ ဖြင့် ရိုက် ထား သော ဓါတ်ပုံ တစ်ပုံ။ စား ပွဲ ပေါ်မှ အကြည့် တို့ ကို ခွာ လိုက် ပြီး မျက်နှာချင်း ဆိုင် က လွန်းအား ဝေဝါးစွာ ကြည့် လိုက် မိလေ သည်။ ထိုအချိန်တွင် ဓါတ်ပုံတွေ ကို သိမ်း ပြီး အပေါ် ထပ် သို့ တက်မည့် ကြယ်က လွန်း အား
"အန်တီ ဘာ လုပ် မ လို့ လဲ ပြန်တော့ လေ "
"ကလေး အန်တီ တို့ ဖြေရှင်း ရ မယ် လေ ကလေးရယ် နောက် တစ် ချိန် လည်း သိ ရ မှာ တွေ လေ "ကြီးဝင်း က ကြယ့် အား
"သမီးသွားသိမ်း လိုက် ပါ ပြီး ရင် သမီး လည်း လာ ပြီး နား ထောင် လိုက် ပါ "
အိမ်အပေါ်ထပ် သို့ လျင်မြန်စွာ တက် သွား သော ကြယ့် ရဲ့ နောက်ကျောပြင် လေး အား ငေး ရင်း သက်ပြင်း ခပ်ဖွဖွ ချ လိုက် သော လွန်း ရဲ့ ပုံစံ လေး ဟာ ဖြစ် လာ သမျှ ကို ခါးစည်း ခံ မယ့် ရင့် ကျက်သူ တို့ရဲ့ အားမာန် တွေ နှင့် ပါ။