အပိုင်း(၈)
သီတာ တို့ နှင့် တွေ့ ခဲ့ တာ သုံး ပတ် ခန့် ရှိခဲ့ ပြီ။ လွန်း လည်း ပွဲရုံ လုပ်ငန်း များ လုပ်ရင်း ကိုင် ရင်း အကြောင်းအရာ အချို့ ကို မေ့ ထား ခဲ့လိုက်လေသည်။ကြီးကြီး ကတော့ သော် ကောင်း နှင့် ပက်သတ်၍ ကြုံရင် ကြုံသလို နား ချ နေလေသည်။ လွန်း လည်း ကြုံသလို ပြော တိုင်း စဉ်းစား ဉီး မည် ဟု ပြောပြီး အချိန် ဆဲွ ထား စမြဲ ပင် ဖြစ်သည်။တစ်နေ့ ထို တစ်နေ့ ကတော့ လွန်း အတွက် နားချ ခံရခြင်း မှ ခဏတာ လွတ်မြောက် တဲ့ တစ်နေ့ပေါ့။
လွန်းရဲ့ မောင်အငယ် ဆုံး လေး က ကမ်းကပ်နေတုန်းခဏ လွန်းဆီ ဖုန်းဆက် ပြီးဒီ တစ်ခေါက် မြန်မာပြည် ပြန်ရောက် လျှင် အိမ်ထောင် ပြုတော့ မည့် အကြောင်း လှမ်း၍ အကြောင်း ကြား လေသည်။ထိုသတင်း ကြားရသော ခဏ ၌ လွန်း ပျော်သွား တာ တော့ အမှန်ပင်။ထို အကြောင်း အား ကြီးကြီး နဲ့ ကိုကို အား အသိ ပေးခိုင်း ခြင်း ဖြစ်လေသည်။ အနား သို့ ကြီးကြီး ရောက် လာ သော အခါ ကြီးကြီး အား ဖုန်း တိုက်ရိုက် ပြော ခိုင်း လိုက်လေသည်။
"ဟဲလို သားငယ် ဖိုးဉာဏ် နေကောင်းလား "
"ဟုတ်သား က ကောင်း ပါ တယ် ကြီးကြီး ရော ကောင်းလား "
"ကြီးကြီး က ကောင်းပါ့တော် "
"သား အလုပ် တွေ အဆင် ပြေလား "
"ဟုတ်ကြီးကြီး ဟို ...ဟာ "
"ပြောစရာရှိလားသား "
"ဟုတ် ကြီးကြီး သား အိမ်ထောင် ပြု တော့ မယ် "
"အလို တော် ဘယ်က လဲ အင်္ဂလိပ်မ တွေလား"
"မဟုတ်တာ ကြီးကြီး ရယ် မြန်မာပြည်က ပါ သားရဲ့ ငယ်သူငယ်ချင်းပါပဲ"
"အေးပါ ကွယ် သား ငယ်တွက် စိတ်အေး ရတာ ပေါ့ ပူ ရတာ ဟောဒီက အပျိုကြီးပဲ"တူဝရီး နှစ်ယောက် ပြော ဟယ် ဆို ဟယ်နဲ့ရယ်လိုက်မော လိုက် ကြ နဲ့ ဘာ တွေ ပြော ကြရယ်မသိ။ သေချာပေါက်တော့ လွန်းအကြောင်း ပါ ကြ ပါ လိမ့် မည်။
လွန်းတို့ မောင်နှစ်မတွေ မှာ ကိုကို ပြီးရင် ကြီးကြီး အချစ်ဆုံး က ဖိုးဉာဏ်ပင်။ကိုကို့ နာမည် က ဉာဏ်ထက်မြတ် ငယ်လေး နာမည်က ဉာဏ်လင်းထက် သူတို့ နှစ်ယောက် ကြား က မိန်းကလေး တစ်ယောက် ထဲ ပါတဲ့ လွန်း ကို တော့ လွန်းစံပယ်ဟု ဖေဖေ က နာမည် ပေး ထား ခဲ့ လေသည်။