အပိုင်း(၂၆)

1.3K 106 4
                                    

အပိုင်း(၂၆)

တရွေ့ရွေ့ ကုန်သွား သော အချိန် တွေ ကြား မှာ ကြယ် နဲ့ အန်တီ နဲ့ မတွေ့ ရ တာ တစ် လကြော်ကြော် ကြာ နေ လေ ပြီ။ဟို လွန် ခဲ့ သော ည တစ် ည က အန်တီ ဆီ ဖုန်း ခိုး ဆက် ပြီး မေမေ နဲ့ မိ သွား သော ကြောင့် ကြယ့် မှာ ဖြေ ရှင်း ရ တာ အယောင်ယောင် အမှားမှား နဲ့ ရယ် ပါ။ဒီနေ့ က ကြယ် တို့ ရဲ့ ချစ်သူ သက်တမ်း 8 လပြည့် တဲ့ နေ့ ။ ကြယ့် ရဲ့ စာ မေး ပွဲ နောက်ဆုံး ရက် ပေါ့ ။တစ်နေ့ က ဒေါ်လေး အခန်း ထဲ သို့ ခပ်တည်တည် နှင့် ဝင် သွား ပြီး ဒေါ်လေးဖုန်း အား ယူ ကာ အန်တီ့ ရဲ့
နံပါတ် အား ဆက် လိုက် လေသည်။ဟိုဖက် က အန်တီ က ဒေါ်လေး မှတ်ပြီး

"ဟဲ လို သီတာ ပြော လေ "တဲ့
"သီတာ မဟုတ် ဘူး ကြယ် ပါ "
"ဟယ် ကြယ် သ‌ီတာ က ဆူ နေ ပါ ဦး မယ် ကလေး ရယ် "

ထိုအခါဒေါ်လေး မှ
"လွန်း ရေ ငါ လည်း ကြောင်တောင်တောင် နဲ့ ဖုန်း က သူ့ ထဲ ပါ သွား တာ ဟယ် "

ဆို ပြီး ဘေး ကနေ ဝင် ပြီး ပြောလေသည်။

အန်တီ ဆီ မှ ရယ်သံ တစ် ချက် ကြား လိုက် ရ ပြီး

"ကလေး ပြော လေ ဘာ ပြော ချင် လို့ လဲ "
"ကြယ့် ရဲ့ စာမေးပွဲ နောက်ဆ‌ံုး ရက် က ဘာ နေ့ လဲ သိတယ် မ လား "
"ဟုတ်ကဲ့ သိ ပါ တယ် ရှင့် ကျွန်မတို့ ရဲ့ ချစ် သူ သက်တမ်း 8 လ ပြည့် မဲ့ ရက် ပါ ရှင့် "
"အင်း အဲ့ နေ့ ကျရင် ကြယ့် ကို ကျောင်းလာ ကြို ပေး အန်တီ နဲ့ တွေ့ ချင် လို့ "
"ဟုတ်ကဲ့ ကြယ့် စိတ်တိုင်း ကျ ဖြစ် စေ ရပါ့ မယ် ရှင့် "
"အင်း ပြီးရော အာ့ လို ဆို ကြယ် စာ ကျက် လိုက် ဦး မယ် နော် ချစ်တယ် အဒေါ်ကြီး "

ကြယ့် ရဲ့ နောက်ဆုံးစကား ကြောင့် ဒေါ်လေး က

"အ‌မလေး ငါ့ တူ မလေး တော် လှ တော် လှ နဲ့ ယောင်းမ မြင်းစီး ပြီး ထွက် တယ် တော် "

ဆိုသော စကား အား မကြား ဟန် ပြု ကာ

"ကဲ ဒေါ်လေး ရယ် မနာ လို မဖြစ် နဲ့ ဖုန်း ငှား ပေး လို့ ကျေး ဇူး နော် "

ပြောင်ချော်ချော် လုပ် သွား သော တူမတော် အား အရှုံးပေး လက်မြောက် ဟန် ဖြင့်

"မနိုင်စိန်ရေ " လို့အ ပြော ခံ ပြီး မှ အခန်း ထဲ မှ ထွက် လာ ခဲ့ လိုက် လေသည်။

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now