အပိုင်း(၂၀)

1.5K 109 2
                                    

အပိုင်း(၂၀)

မိုး က လည်း သည်းသည်း မည်းမည်း ရွာ နေ လိုက် တာ ည နေစောင်း မှတိတ် လေ သည်။ ကြယ့် ဖေဖေက လည်း လွန်း တို့ အား အိမ် မှာ ပဲ ည အိပ်သွား ကြ ဟု ဆို သော ကြောင့် လွန်း လည်း တစ်ည အိပ် ဖို့ ဆုံး ဖြတ် လိုက် လေ သည်။ ညအိပ် ရ မှာ ဆို သော ကြောင့် လွန်း လည်း အိမ် ကို ဖုန်းဆက် ကာ အကျိုးအကြောင်း ပြော ရ လေသည်။ကြီးကြီး ကတော့ သိပ် သဘော ကျဟန်မတူ။

ကြယ့်ရဲ့ မေမေချက် ပေး သော ညစာ ကို စား သောက် ပြီး စကား ခဏ ပြော ကာ လွန်း တို့ လည်း အိပ် ရာ ဝင် ဖို့ ပြင် ကြလေသည်။ လွန်း အတွက် အခန်း တစ် ခန်း ပြင် ပေး သော် လည်း လွန်း ရဲ့ ကလေး မ က လွန်း နှင့် အတူတူ အိပ် ပါရစေ ဟု လွန်းအား မျက်နှာငယ် လေး နှင့် ပြော လာသော ကြောင့် ကလေး နှင့် အတူတူ အိပ်ရဖို့ ဖြစ်လာ ခဲ့ လေသည်။

ကြယ့်ရဲ့မေမေ က တော့ အထူး အဆန်းနဲ့ လွန်း ရေ သတိ သာ ထား နော် ။ ဒီကလေး မ က ချွဲ စိန် ရယ်။ ငါတော့ မျက်ခုံး လှုပ် တယ် နော် ‌ကြယ်ရေ ဟု ဆို လေ သည်။ထိုကဲ့ သို့ ကြယ့် မေမေ က ပြော သော စကား ကို လွန်း ရဲ့ ကြယ် ကလေ
"အန်တီ က ဧည့်သည် လေ အိမ်ရှင် ၀တ္တရား ကရှိသေး တယ် ဟု "ဆို လေ သည်။

အိပ်ယာ ထဲ ရောက် သော အခါလွန်း ရဲ့ ကလေး လေး က လွန်း ရဲ့ ရင်ခွင် ထဲ သို့ အတင်း တိုး ဝင် ပြီး ဖက် ထား လိုက် တာ လွှတ် ပါ ဦး ကလေး ရယ် ဟု ပြော ကာ မှ လွှတ်ပေး တော့ လေ သည်။

ဤ ကဲ့ သို့ ကလေး နှင့် အေးအေး ဆေး ဆေး လေး တွေ့ နေ ရ သခိုက် လွန်း က ကလေး အား
"ကလေး အန်တ‌ီ့ ကို ကြီးကြီး က သော်ကောင်း နဲ့ သဘော တူ ထား တာ ကလေး သိတယ် မ လား အန်တီ က လေ ကလေး ကို ပဲ ချစ်တာ မ လို့ ကလေး က ယုံ ကြည် ပေး နော် ကလေး လုပ် ရ မယ့် အလုပ် က နှစ် ခု ပဲ ရှိတယ် တစ်ခု က စာ ကြိုး စား ပေး ရ မယ် ။ တစ် ခု က အန်တီက ဘာပဲ ဆုံး ဖြတ် ဆုံး ဖြတ် ဆုံး ဖြတ် တာ ကို နာ ခံ ပေး ရ မယ် နော် "
"အာ့ လို တော့ မရ ပါ ဘူး အန်တီ က ကြာယ့် ကို မရွေး ပဲ ဟို လူ့ ကို ရွေး လိုက် ရင် ဘယ် လို လုပ် မ လဲ "
"စိတ် မပူ ပါ နဲ့ ကလေး ရယ် နော် အန်တီ က သမီး ထိခိုက် နာ ကျင် ရမယ့် အရာ ဘာ မှ မ လုပ် ဘူး စိတ်ချ နော် အခု တော့ အိပ် ကြ ရအောင် လေ ကလေး ရဲ့  "

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now