အပိုင်း(၇)
လွန်းသည် သီတာ နှင့် သူ ဇာ တို့အား လွန်းတို့ အား လုံး အားသည့် ရက် တစ်ရက် ဖြစ်သော ဉပုသ် နေ့ အား ချိန်း ဆို လိုက် လေသည်။ သီတာက ဈေးထဲတွင် အထည်ဆိုင် သူဇာက ဈေးထဲတွင်စာရေး ကရိယာ ဆို တော့ ဉပုသ် လို နေ့ တွေ ဆို အား ကြလေသည်။လွန်း ရဲ့ ပွဲရုံ ကို တော့ သော်ကောင်း နှင့် ကြီးကြီး ရှိသော ကြောင့် စိတ်ချစွာ ထား ခဲ့ လို့ ရလေသည်။လွန်းသွား မယ့် လမ်း နဲ့ ရတီ တို့ ကျူ ရှင် သွား မယ့် လမ်း က လမ်းသင့် နေသော ကြောင့် ကျူရှင်ပို့ရမယ့် တာဝန် လွန်း ယူလိုက် လေသည်။
ကျုရှင် လမ်းသည် လမ်းကြားလေး ဖြစ်နေသော ကြောင့် ဆိုင်ကယ် အား နှေးနှေး လေး မောင်း လာ ပေမယ့် လည်း လမ်းမကြီး သို့ မရောက် ခင် လမ်းကြား ရဲ့ အဆုံး နေရာ မရောက် ခင် မှာ အကွယ် လို ဖြစ် နေသော ကြောင့် င့်ဆိုင်ကယ် အား ထိန်း မောင်း လာ ပေ မယ့် လမ်းမကြီး က နင်း လာသော စက်ဘီး နဲ့ မတော် တဆ ချိတ်မိ သွား သော ကြောင့် စက်ဘီး ရော လူ ရော လမ်း ပေါ် သို့ လဲ ကျ သွား လေ သည်။
ကြယ့် အား မစောင့် ပဲ စက်ဘီး နင်း ပြေးသွား သော မြူ မှုန် သည် ကြယ့် အား လှည့်ကြည့်ပြီး ပြောင်ချော်ချော် လုပ်ကာ စက်ဘီး အား နင်း ပြေး လေ သည်။ အရှေ့မှာ လမ်း ကြား ရှိတာ ကို ဇွတ် တွေ နင်း နေ တာ တိုက် မိတော့ မှာ ပဲ လို့ တွေး လို့ မှ မဆံုး သေး မယ်မင်း ကြီး မ က ဆိုင်ကယ် တစ်စီး နှင့် ချိတ် လျှက် လဲ နေ လေ ပြီ။
ကိုယ့်သူငယ်ချင်း မှား နေတာ သိ ပေ မယ့် လည်း စက်ဘီး အား မြူမှုန် နား အမြန် နင်း သွား လိုက် ပြီး ထိုဆိုင်ကယ် နဲ့ အမျိုးသမီး အား
"အန်တီ ဆိုင်ကယ် ဘယ် လို မောင်း လာ လဲ ခု တော့ ကြယ့် သူ ငယ် ချင်း ခိုက် မိ ပြီ"လွန်း မမှား ပေမယ့် လည်း အနောက် က ရောက် လာ သော ကလေး မ ကြောင့် လှဲ နေသော ကလေး မ အား ထူမပေး ချင် သော စိတ် တို့ ကုန်ခမ်း သွား ကာ
"အလို တော် ငါက ဆိုင်ကယ် ဖြေးဖြေး ပဲ မောင်း လာ တာ ညဉ်း သူငယ် ချင်း က လမ်းမပေါ်ကလေ လမ်းမပေါ်က လူ က အရှိန် လျှေိာ့ ရမယ် လေ မသိ ဘူး လား "
"အန်တီ ကရော လမ်း ကြား ထဲ က ထွက် မှာ ဆိုင်ကယ် ဟွန်းတီး လား "
လဲနေသော မြူမှုန် က ထနေ လေ ပြီ။ ကြယ် နဲ့ ထို ဆိုင် ကယ် နဲ့ အမျိုးသမီး က ရန်ဖြစ် လို့ မပြီး သေး ပါ။ ထို အခါ ထ လာ သော မြူမှုန် မှ