နောက်ဆုံးပိုင်း

5K 164 62
                                    

နောက်ဆုံးပိုင်း

မနက်ဖြန် ကြယ်တို့ ရဲ့ အောင်စာရင်း ထွက်မယ့် နေ့။ ကြယ့် ရဲ့ စိတ်တွေ အရမ်း ကို စိတ် လ‌ှုပ်ရှား နေလေ ပြီ။ အန်တီ လွန်း နဲ့ က လည်း ချစ် သူသက်တမ်း တစ်နှစ် ပြည့် ဖို့ ရက် ပိုင်း အလို ပေါ့။ ကြယ့် ရဲ့ အန်တီ က လေ အခု တလော ကြယ့် အပေါ် မှာ အရမ်း ကို ချစ် ပြီး အလို လိုက် နေတော့ ကြယ့် မှာ ဝမ်းသာ ပီတိ ဖြစ်ရ တာ ပေါ့ လေ။ကြယ့် ရဲ့ အန်တီ က လေ ကြယ့် အပေါ် မှာ  အရမ်း တွေ ချစ်ပြီး ကြယ့် ရဲ့ မျက် နှာ ကို အညှိုး ကို မခံ ပေ။ချစ်ရပါ တယ် အန်တီ လွန်း ရေ။

ကြယ်တို့ မနက်ဖြန် အောင်စာရင်း ထွက်မယ့် နေ့။ လွန်း ရဲ့ ကလေး ငယ် လေး က တော့ ရင် တွေ ခုန် နေ မှာ ပေါ့ လေ။ ကြယ် က ရင် ပဲ ခုန် ရတာ ပါ လွန်း မှာ တော့ ရင် ပါ တုန် နေ ရ ပါ တယ်။ဒါပေမယ့် လွန်း ရဲ့ ကလေး ငယ် လေး က ကြိမ်း သေ ပေါက် အောင် မြင် မယ် ဆို တာ လွန်း သိ တာ ပေါ့ ။ အောင် စာ ရင်း ထွက် ပြီး တော့ နောက် ရက် ပိုင်း အ လို က လွန်း တို့ ရဲ့ ချစ်သူ သက်တမ်း တစ်နှစ် ပြည့် တော့ မယ့် အချိန်။ အဲ့ဒီနောက် ပိုင်း ကလေး က uni ကျောင်း သူ ကြီး ဖြစ် သွား ရင် လွန်း နား မှာ အချိန် ပြည့် မနေ နိုင် တော့ ဘူး လေ။ ဘေးနား မှာ ရှိနေ‌တဲ့ အချိန် လေး တွေ မှာ လွန်း ရဲ့ ကလေး ငယ် လေး ကို အစွမ်း ကုန် ချစ် ပေး ရ တာ ပေါ့ လေ။

_________________________________________
ည (၁)နာရီ လောက် ကတည်း က ရင်ခုန် စိတ်လှုပ် ရှား ခဲ့ ရ သော ကြယ် တို့ ရဲ့ စာ မေး ပွဲ အောင် စာ ရင်း က မနက် မိုးစင်စင် လင်း မှ သိ ခဲ့ ရချေ ပြီ။ ဂုဏ်ထူး တစ်ခု မှ မပါ ပေ မယ့်လည်း ကြယ် နှစ်ချင်း ပေါက် အောင် ခဲ့ လေ ပြီ။ ကြယ် ပင်ပန်း ရ ကျိုး နပ် ခဲ့ လေ ပြီ။ စာမေး ပွဲ အောင် တယ် ဆို တဲ့ ခံစား ချက် ကကြယ့် ရဲ့ ရင် ခုန်သံ တွေ အပျော် တွေ ကို ခံစား ခဲ့ ရ ဖူး လေ ပြီ။ မြူမှုန် .....မြူမှုန် ရော အောင် ရဲ့ လား မသိ။ ကြယ် နဲ့ computer သင်တန်း တက် မည် ဆို ကာ သင်တန်း အပ် ပြီး ခါ မှ မတက် တော့ ဘူး ဆို ပြီး ကြယ့် အိမ် ကို လာ ပြော သွား ပြီး မတွေ့ကြ တော့ တာ အခု ချိန် ထိ။ သူတို့ အိမ် နား က သွား တော့ လည်း မတွေ့။ ဖုန်း ဆက် တော့ လည်း ဖုန်း လိုင်း က ဖျက် ထား တာ လား။ ပြတ်နေတာ လား မသိ။မြူမှုန် ရဲ့ ခုံနံပါတ် သိ နေသော ကြောင့် ကြည့် ပေး လိုက် သော အခါ တွင် သူ လည်း အောင် သည်။ ဂုဏ်ထူး တောင် တစ် ခု ပါ နေသေး သည်။ ဘယ် လို ပဲ ဖြစ် ဖြစ် ဝမ်းသာ မိ တာ တော့ အမှန် ပင်။ ကြယ် လည်း အောင် စာ ရင်း တိုး ဝှေ့ ကြည့် ပြီး လူ အုပ် ကြီး ကို ကျောခိုင်း ကာ ပြန် ထွက် လာ ခဲ့ လေ သည်။ အပင် ရိပ် တစ် နေရာ မှာ ကြယ့် ဖေဖေ စောင့် နေသော ကြောင့် ဖေဖေ ဆီ သို့ ဦး တည် ပြီး လာ ခဲ့ လေ သည်။ဖေဖေ ကို တွေ့ သော အခါ

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now