အပိုင်း၁❄❄❄❄

1.2K 67 6
                                    

unicode

သခင်......................

သခင်ဆိုတဲ့နာမ်စားပိုင်ရှင်လေးရေ
အခုလောက်ဆိုရင်ဖြင့် ကျွန်တော်မရှိတဲ့
ရပ်ဝန်းငယ်လေးမှာ ပျော်နေတယ်မလားဟင်...........။

ကျွန်တော့်အတွက်ဆိုပြီး ရည်ရွယ်ကာ မပေးခဲ့ဖူးတဲ့
အပြုံးလှလှလေးတွေကိုလည်း
သခင့်ရဲ့အခွင့်ထူးခံလူတန်းစားလေးဖြစ်တဲ့
သူမလေးကတော့ဖြင့် ဖောဖောသီသီ​မြင်နေရရောပေါ့......၊၊

ကျွန်တော်တောင့်တခဲ့ဖူးတဲ့ စကားချိုချိုလေး
လေးတွေဟာလည်း သူမအတွက်တော့
မတောင်းပဲနဲ့ရတဲ့အရာလေးတွေပင်....၊၊

ကျွန်တော်မြင်ချင်ခဲ့ဖူးတဲ့ သခင့်ဆီကအကြင်
နာမျက်ဝန်းလေးတွေကိုလည်း သူမ​လေးကအကြိမ်ကြိမ်မြင်ခွင့်ရနေခဲ့တယ်။

အခွင့်ထူးခံလူတန်းစားလေး
သူမဟာ စကားကိုလည်း သိပ်ရွေးပြီးပြောတတ်
တာပဲသခင်ရယ်.......။
ကျွန်တော်ပြိုလဲသွားစေမဲ့ စကားလုံးလေးတွေကိုပဲ တမင် ရွေးပြောသွားပြန်တယ်.......။

သခင့်ရဲ့အပြုံးတွေက သိပ်ကိုကြည့်ကောင်းလွန်းတယ်တဲ့လေ၊၊
သူမလေးရဲ့စကားကို ဝမ်ရိ​​ပေါ်ဆိုသောကျွန်တော်လေ နားထောင်ရုံပဲတတ်နိုင်ခဲ့တယ် သိလားသခင်........။

ပြန်တော့မပြောနိုင်ခဲ့ပါဘူးလေ။
ကျွန်တော်မှသခင့်အပြုံးကို လက်ခံမရရှိခဲ့ဖူး
ဘူးပဲကို၊၊

ဒါပေမယ့်လည်း သူမလေးကိုကျွန်တော့်စိတ်ထဲကနေ
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်၊၊

သခင့်အပြုံးတွေကို အတွေးတွေထဲကနေ
ပုံဖော်ခွင့်ရအောင်လုပ်ပေးလို့ပေါ့.....၊၊

တိုက်ခတ်လာတဲ့လေညှင်းလေးမှတစ်ဆင့်
သခင့်ထံအမှာတော်ပါးလိုက်ပါရစေ၊၊
ချမ်းအေးနေတဲ့ဆောင်းရာသီရောက်ခဲ့ရင်ဖြင့်
အနွေးထည်ထူထူလေးတော့
အမြဲလိုဝတ်ထားပါနော်.....၊၊
အရင်လိုသခင့်နားမှာ တတွတ်တွတ်မှာကြား
ပေးနေမယ့်
ကျွန်တော်မရှိတော့ပြီမို့...၊၊

မိုးရွာတဲ့အချိန်တွေဆိုလည်း ထီးကလေးတစ်
လက်တော့အမြဲဆောင်ထားပါနော်၊၊
အရင်လိုအနားမှာထီးမိုးပေးနေမယ့်
ကျွန်တော်မရှိတော့ပြီမို့....၊၊

သခင့်စေရာWhere stories live. Discover now