အပိုင်း၂❄❄❄❄

773 39 6
                                    

unicode

အဲ့နေ့က နွေဦးရာသီလေးဖြစ်လို့ ရွက်ဟောင်းတွေကြွေကျကာ ရွက်သစ်တွေဝေနေတဲ့အချိန်ပေါ့......။

သခင်လေးတစ်ယောက်ကို အဖော်ပြုပေးရန်ဆိုတဲ့ တာဝန်ကြီးနဲ့ ကျွန်တော် ရှောင်းအိမ်တော်ကြီးကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့တယ်။

ကျွန်တော်စီးလာတဲ့ ကားအနီရောင်ကြီးက ခမ်းနားကြီးကျယ်တဲ့ အိမ်ရဲ့ဆင်ဝင်အောက်မှာ ထိုးရပ်သွားခဲ့သည်။

ကားထဲကနေ ကျွန်တော်ထွက်လိုက်တော့ မြင်လိုက်ရတာက တော်တော်ကို ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးပင်။

ကားရပ်ပြီး ခဏအကြာမှာတော့ ​အကောင်းစားအက်ျီတွေဝတ်စားထားတဲ့ မိန်းမကြီးတစ်ယောက်၊ ယောကျာ်းကြီးတစ်ယောက်နဲ့ ကျွန်တော့်ထက်နည်းနည်းအသက်ကြီးမယ့် ကောင်လေးတစ်ယောက်တို့ ရပ်ထားတဲ့ကားအနားကို ရောက်လာကြသည်။

ကားနားကိုရောက်လာတဲ့ လူသုံးယောက်ထဲမှ အဒေါ်ကြီးက ကျွန်တော့်ကိုခေါ်လာတဲ့ ဦးလေးကြီးနဲ့ စကားတွေအပြန်အလှန်ပြောနေကြ၏။

တကယ်တော့ ကျွန်တော်က မိဘမရှိတဲ့တစ်ကောက်ကြွက်တစ်ယောက်ပါ။
ကျွန်တော့်ကိုခေါ်လာတဲ့ ဦးလေးကြီးကတော့ ကျွန်တော့်အဖေရဲ့ သူငယ်ချင်းပေါ့...။

မိဘတွေမရှိတော့တဲ့ နောက်ပိုင်းမှာ အဖေ့သူငယ်ချင်း ဦးလေးကြီးက ကျွန်တော့်ကိုကျွေးမွေးစောင့်ရှောက်ခဲ့သည်။

တစ်နေ့တော့ ဦးလေးကြီးက ပြောလာသည်။
အိမ်တစ်အိမ်မှာ သခင်လေးတစ်ယောက်ရဲ့ ကစားဖော်အဖြစ် နေချင်သလားတဲ့။
နေချင်ရင် ဦးလေးအရင်တုန်းက လုပ်ခဲ့တဲ့အိမ်တော်မှာ
ပြောပေးမယ်လို့ ဦးလေးကပြောတယ်။

တကယ်တော့ ဦးလေးက သူ့ကို မစောင့်ရှောက်ချင်လို့ မဟုတ်ဘဲ ကောင်းစေချင်လို့ဆိုတာ
ဝမ်ရိ​ပေါ်နားလည်ပါတယ်။
ဘာလို့ဆို ဦးလေးတို့မိသားစုက အတော်ကိုဆင်းရဲတာကိုး။

ဦးလေးကအမြဲပြောတယ်။ သူ့ကိုကျောင်းဆက်ထားပေးချင်ပေမယ့် ပိုက်ဆံအဆင်မပြေဘူးတဲ့လေ။

အခုဝမ်ရိပေါ် သွားမယ့်အိမ်တော်က လူတွေက ဝမ်ရိပေါ်ကိုကျောင်းလည်းထားပေးကာ ကောင်းကောင်းမွန်မွန်လည်း စောင့်ရှောက်ပေးမှာတဲ့လေ။
ဝမ်ရိပေါ်လုပ်ရမှာက အဲ့ဒီအိမ်တော်က သခင်လေးရဲ့အဖော်အဖြစ် နေပေးရုံပင်။

သခင့်စေရာWhere stories live. Discover now