"ရိပေါ် !!"
အိမ်ထဲမှလှမ်းခေါ်နေသည့် သခင်ကြောင့် ရိပေါ်ပန်းပင်တွေရေလောင်းနေရင်းမှ အပြေးလေးအိမ်ထဲဝင်သွားလိုက်သည်။
"သခင်
ရိပေါ်ကိုဘာခိုင်းစရာရှိလို့လဲဟင်"ရေလောင်းနေရင်းနဲ့ အဝတ်တွေကိုရေစိုသွားတာကြောင့် ရိပေါ်ရဲ့အခုပုံစံက ကြွက်စုတ်လေးနှင့်တူနေ၏။
ရေစိုနေ၍ တဆက်ဆက်တုန်ရင်နေသော ရိပေါ်ကိုကြည့်ပြီး ရှောင်ကျန့်အလိုမကျစွာ မျက်မှောင်ကြုံ့လိုက်မိသည်။
"ကျစ်! ဝမ်ရိပေါ်
မင်းက ကလေးလားဟမ်!
ရေလေးတစ်ခါလောင်းတာ အဝတ်တွေစိုရွှဲနေတာပဲ""သွား....အဝတ်သွားလဲ
ငါနဲ့ခဏနေ အပြင်သွားမယ်"ငေါက်ငမ်းသံအပြည့်နဲ့ သခင်ကပြောလိုက်ပေမယ့် ရိပေါ်ကတော့ သခင်ကသူ့ကိုများ စိတ်ပူနေတာလား ဟူသည့်အတွေးကြောင့် ခဏမျှကျေနပ်မိသွားသေးသည်။
ထို့ကြောင့် ပျော်ရွှင်စွာနဲ့ပဲရိပေါ်တစ်ယောက် အဝတ်အစားလဲရန် အိမ်မကြီးမှထွက်လာလိုက်ပြီး သူ့ရဲ့အိမ်ငယ်လေးဆီသို့ အပြေးအလွှားလေးသွားလိုက်၏။
ခုန်ပေါက်ကာပြေးသွားသည့် ကောင်လေးကိုကြည့်ပြီး ရှောင်ကျန့်ခေါင်းခါလိုက်သည်။
"ဟင်း~
ရိပေါ်.....ရိပေါ်
တကယ့်ကလေးပါလား မင်းက".............................
ကိုယ်လုံးပေါ်မှန်လေးမဟုတ်သည့်တိုင် ခါးအပေါ်ပိုင်းအထိမြင်နိုင်သည့် မှန်ရှေ့၌ရိပေါ်ရပ်ကာ ဗီရိုထဲရှိရှိသမျှ အဝတ်တွေကိုထုတ်ပြီး ကိုယ်ပေါ်တွင်ကပ်ကြည့်လိုက်သည်။
သူ့မှာရှိသမျှအဝတ်အစားဆိုလို့ အကုန်လုံးပေါင်းမှ ငါးစုံထဲသာ။
ရှောင်းသခင်မကြီးက သူ့ကိုဝတ်စရာတွေ ဝယ်ပေးသော်ငြားလည်း ရိပေါ်မလိုချင်တာကြောင့် အကုန်ပြန်ပေးခဲ့သည်ချည်းသာ။ရိပေါ်ဆိုသာ လူကသာနွမ်းပါးမည်။
မာနတော့ရှိပါသေး၏။
ထို့အတွက်ကြောင့် ရိပေါ်မှာအဝတ်အစားတော့ ပေါပေါများများမရှိပေ။သို့သော် ရှိတဲ့အဝတ်ကလေးတွေထဲက နည်းနည်းပါးပါးကြည့်ကောင်းမည့် အဝတ်အစားလေးကို ရွေးလိုက်ကာ ဝတ်လိုက်သည်။
ESTÁS LEYENDO
သခင့်စေရာ
Fanficစေလိုရာစေလိုက်ပါ သခင်.................. သခင့်ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးလိုသူတစ်ယောက်ပေမို့