အပိုင်း၃❄❄❄❄

498 42 13
                                    

unicode

သခင်က အရမ်းကို အသည်းမာလွန်းပါသည်။

ပစ်မှတ်တဲ့... ပန်းသီးကို လောက်စာလုံးနဲ့ ပစ်မယ့်
ကစားပွဲမှာ ဝမ်ရိပေါ် က ပန်းသီးကို ခေါင်းပေါ်တင်ကာ သခင့်ရှေ့မှာ မတ်တပ်ရပ်နေပေးခဲ့ရသည်။

ဝမ်ရိပေါ်မှာ ကြောက်လွန်းလို့ လက်တွေဆို ချွေးစေးတွေပြန်ကာ လက်ဖျားခြေဖျားတွေကပါ အေးစက်လာခဲ့သည်။

ဒါပေမယ့်လည်း သခင်ငြိုငြင်မသွားစေရန် သခင့်ဆန္ဒကို မငြင်းပယ်ရဲခဲ့ပါလေ.....။
သူဟာ သခင့်မိဘတွေပိုင်တဲ့ စံအိမ်တော်ကြီးမှာ
လာနေ နေရတာမလား။

ပြီးတော့လည်း ဝမ်ရိပေါ်ဟာ သခင့်ကို တကယ့်အစ်ကိုရင်းတစ်ယောက်လို ခင်တွယ်မိသွားလို့လည်း ပါပါသည်။

ပြီးတော့ သူဟာ သခင့်ရဲ့အဖော်အဖြစ် နေပေးရန်
ဆိုတဲ့ တာဝန်ကြီးနဲ့ ဒီအိမ်တော်ကြီးကို ရောက်လာခဲ့ရတာ မဟုတ်ပေလား။

သခင်က ဝမ်ရိပေါ်အပေါ် သိပ်ကိုလူလည်ကျလွန်းသည်။

ဒေါ်ဒေါ်နဲ့ ဦးလေးရှေ့ဆို သူ့အပေါ်ကြင်နာပြသလောက် ဒေါ်ဒေါ်တို့တွေ အပြင်သွားပြီဆို
သူ့အပေါ်ဆက်ဆံတာက တစ်မျိုးပြောင်းသွားပြန်၏။

တစ်ခါတလေဆို ဝမ်ရိပေါ်တွေးမိပါသည်။

ဒေါ်ဒေါ်နဲ့ဦးလေးသာ အမြဲတမ်း အိမ်မှာပဲ ရှိနေရင်သိပ်ကောင်းမယ်လို့လေ.....။

အဲ့ဒါမှ သခင်က သူ့အပေါ် ကြင်ကြင်နာနာ ဆက်ဆံမှာပင်.....။

သခင် ကျွန်တော့်အပေါ် ကြင်ကြင်နာနာ ဆက်ဆံတဲ့ အချိန်တွေဆို ကျွန်တော်အရမ်းကို ပျော်ရသည်။
သခင့်ကို ကိုယ့်အစ်ကိုရင်းတစ်ယောက်လို သဘောထားမိသည့်အတွက် သခင်ရဲ့ဂရုစိုက်ခြင်းကို ခံချင်မိပါသည်။

ဒါပေမယ့် အဲ့ဒါဟာ ဝမ်ရိပေါ်ရဲ့ဆန္ဒလေးပင် ဖြစ်သည့်အတွက် ဖြစ်နိုင်ပါ့မလားပင် မသိပေ။

သခင်ဟာ အနိုင်ယူလိုစိတ် ပြင်းထန်သူဖြစ်လေသည်။
ပြီးတော့ အသည်းမာသူလည်း ဖြစ်သည်။

ဒါဟာ ဒေါ်ဒေါ်တို့ရဲ့ ဂရုစိုက်မှု လစ်ဟင်းလို့များလားလို့ သူတစ်ခါတလေ တွေးမိသည်။

သခင့်စေရာWhere stories live. Discover now