unicode
အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးလာတာနဲ့အမျှ
ကျောင်းဖွင့်ချိန်လည်း ရောက်လို့လာခဲ့သည်။သူ့ရဲ့အသက်က ၁၂နှစ်ရှိနေပြီဆိုတော့ သူတက်ရောက်ရမည်က ၇တန်းဖြစ်သည်။
သခင်ကတော့ သူနဲ့အသက်၄နှစ်ကွာသည့် အတွက်
သခင်နဲ့က တက်ရောက်ရမည့် အတန်းချင်းမတူပေ။ဒါပေမယ့်လည်း တက်ရမည့်ကျောင်းကတော့ အတူတူပင်ဖြစ်သည်။
ဦးလေးက ကားမောင်းသူနေရာမှာ ဝင်ထိုင်ပြီး
အန်တီကတော့ ဦးလေးဘေးက နေရာမှာထိုင်နေသည်။ဝမ်ရိပေါ်နဲ့သခင်ကတော့ နောက်ခုံမှာ အတူတူထိုင်ရသည်။
တရွေ့ရွေ့နဲ့ မောင်းနှင်လာတဲ့ ကားလေးက ကျောင်းအဝင်ဝတွင် ရပ်တန့်သွားသည်။
ကျောင်းထဲကို ဝင်ရမည်ဆိုတော့ ဝမ်ရိပေါ်က
ကားပေါ်ကနေ အရင်ဆင်းကာ သခင်ဆင်းလို့ရစေရန် ကားတံခါးကိုအဆင်သင့် ဖွင့်ပေးလိုက်သည်။ဒါကလည်း သခင့်ပေးတဲ့ အမိန့်တွေထဲက တစ်ခုပဲမို့။
အန်တီနဲ့ဦးလေးကတော့ သူ့ကိုအဲ့လိုလုပ်ပေးစရာ
မလိုပါဘူး သားရိပေါ်လေးရယ် လို့ပြောပေမယ့်
ဒါဟာ သခင့်အမိန့်တွေထဲက တစ်ခုပဲမို့ သူမလွန်ဆန်ရဲပေ။ထို့ကြောင့် အန်တီနဲ့ဦးလေးကို ကျွန်တော်ဆန္ဒရှိလို့
လုပ်ပေးတာပါလို့သာ ပြောခဲ့ရသည်။ဝမ်ရိပေါ်ကို မစောင့်ဘဲ ကျောင်းထဲအရင်ဝင်သွားတဲ့ သခင်က ကျောင်းဝတ်စုံနဲ့ တော်တော်ကို လိုက်ဖက်ကာ ချောနေပါသည်။
အန်တီတို့နှစ်ယောက်ကတော့ သူတက်ရမယ့်
အဆောင်ကို လိုက်ပြပေးသည်။သူတက်ရမယ့် အဆောင်ကို ရောက်ပြီဆိုတာနဲ့
အန်တီနဲ့ဦးလေးကို နှုတ်ဆက်ကာ အခန်းCဆိုတဲ့ဆိုင်းဘုတ်လေးချိတ်ထားတဲ့ အခန်းထဲကို ဝင်လာခဲ့လိုက်သည်။စာသင်ချိန်နှစ်ချိန်ပြီးပြီ ဆိုတာနဲ့ ကျောင်းမှာရှိတဲ့
ဘဲလ်က အသံမြည်လာခဲ့သည်။ကလင်...ကလင်
ဘဲလ်သံကိုကြားတာနဲ့ အခန်းထဲက လူတစ်ချို့က
အပြင်ကိုထွက်ပြီး မုန့်ဝယ်စားသူကစား၊ အခန်းထဲမှာပဲ ပါလာတဲ့မုန့်ကို စားသူကစားနဲ့ ကျောင်းဝန်းလေးမှာ သက်ဝင်လှုပ်ရှားနေသည်။
YOU ARE READING
သခင့်စေရာ
Fanfictionစေလိုရာစေလိုက်ပါ သခင်.................. သခင့်ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးလိုသူတစ်ယောက်ပေမို့