ဒီနေ့ရာသီဥတုက မှိုင်းပျပျ၊ အဲ့သလိုပဲ ကျွန်တော့်
ရဲ့ဘဝကို အထီးကျန်ဆန်စေမယ့် အဖြစ်တို့
ရောက်ရှိလာခဲ့သည်။တဖြောက်ဖြောက်နဲ့ ကျနေတဲ့ မိုးစက်တို့က
ကျွန်တော့်ရဲ့အထီးကျန်ဆန်မယ့် ဖြစ်ရပ်တို့ရဲ့
ရှေ့ပြေးလက္ခဏာ များလား။ကျောင်းက အပြန်အိမ်တော်ကြီးဆီကို ရောက်တော့ ရယ်သံသဲ့သဲ့တို့ကို ကြားလိုက်ရသည်။
"ဟော...သားလေးတို့တောင် ပြန်လာပြီပဲ”
အိမ်ထဲဝင်အလာမှာတော့ အန်တီရှောင်းရဲ့
ဘေးနားမှာ သူမမြင်ဖူးတဲ့ အစ်မကြီးတစ်ယောက်
ရပ်နေသည်။"လာ...မေမေမိတ်ဆက်ပေးမယ်။
ဒီသမီးလေး နာမည်က ဆူးခက်တဲ့။
ဒီနေ့မှ မေမေတို့အိမ်ရဲ့ ဟိုဘက်ကခြံကို
ပြောင်းလာတာ”အန်တီဝမ်က မိတ်ဆက်ပေးတော့မှ ဟိုဘက်
ခြံကပြောင်းလာတဲ့ အစ်မကြီးမှန်းသိလိုက်ရ
သည်။ဆူးခက်ဆိုတဲ့ အစ်မကြီးပုံစံက အသားကဝါဝါ
ဝင်းဝင်းနဲ့ အရပ်ကတော့ နည်းနည်းပုကာ
သွယ်သွယ်လျလျ ခန္ဓာကိုယ်လေးနဲ့ တော်တော်
ကို ချောတဲ့အထဲတွင် ပါသည်။"သားလေးနာမည်က ရှောင်ကျန့်တဲ့ ”
" တွေ့ရတာဝမ်းသာပါတယ် ကျန့်....
ငါ့နာမည်က ဆူးခက်ချို”"အင်း...ငါလည်း တွေ့ရတာဝမ်းသာပါတယ်
ဆူးခက်ချို”"ဒီဖက်က သားလေးနာမည်က ဝမ်ရိပေါ်တဲ့”
တစ်ဖန် သခင့်မေမေက ရိပေါ်ကိုလည်း ထိုအစ်မကြီးနှင့် မိတ်ဆက်ပေး၏။
"တွေ့ရတာ ဝမ်းသာပါတယ် ရိပေါ်”
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်
ခင်ဗျ”သူကသာ ယဥ်ကျေးသမှုဖြင့် လက်ဆွဲနှုတ်ဆက်
ရန် ပြင်လိုက်သော်လည်း ဆူးခက်ဆိုတဲ့ အစ်မကြီးကတော့ သူလက်ပေးတာတောင် မမြင်။သခင့်ကိုသာ စူးစူးစိုက်စိုက်နဲ့ ကြည့်နေလေရဲ့။
သခင်ကလည်း အတူတူပါပင်။
နှစ်ယောက်သား အပြုံးတွေကိုယ်စီဖြင့် ကြည့်နေခဲ့သည်။ဝမ်ရိပေါ်မှာတော့ ကမ်းထားတဲ့ လက်ကလေးကို
ရုတ်လိုက်ရသည်။
သူစိတ်ထဲ သိမ်ငယ်လာသလိုပင် ခံစားလာရသည်။
YOU ARE READING
သခင့်စေရာ
Fanfictionစေလိုရာစေလိုက်ပါ သခင်.................. သခင့်ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးလိုသူတစ်ယောက်ပေမို့