(ဤဖြစ်ရပ်များသည်..1983ခုအမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ နယ်မြို့လေးတွင်အခြေခံသည် Conversationများသည်လည်း Englishဘာသာဖြင့်ပြောသည်ဟုယူဆပေးပါရှင့်)
ပူပြင်းတဲ့နေ့တစ်နေ့...Bang Yedam တစ်ယောက် daddy လုပ်ပေးထားတဲ့ ဒန်းလေးပေါ်တွင်ထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်လို့နေသည်...
မျက်လုံးညောင်းလာတာနဲ့အပေါ်ကိုကြည့်လိုက်တော့ စိမ်းစိုေနတဲ့ဧရာမအပင်ကြီးနဲ့ အဝါရောင်စပါးခင်းေတွ...
ရေသွင်းစပါးမျိုးမဟုတ်တာမို့ မြေတို့ကခြောက်သွေ့လို့...နေရောင်ခြည်ကလဲကောင်းကင်ယံထက်က ပူပြင်းစွာဖြာကျလို့...
အဝေးကိုပို့လွှတ်ထားတဲ့အကြည့်တို့ကိုရုတ်သိမ်းပီးစာအုပ်ကိုတစ်ဖန်ပြန်ငုံ့ဖတ်လိုက်သည်...
ခနအကြာမှာ သူ့ကိုတစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားနေရတာမို့မော့ကြည့်တော့ သူ့ကိုစိုက်ကြည့်နေတဲ့လူတစ်ယောက်
ပိုးသားအဖြူရောင်အင်္ကျီကိုဝတ်ဆင်ထားတဲ့သူတစ်ယောက်...အဲ့လူသားရဲ့ချောမောတဲ့ရုပ်ရည်ကြောင့် Yedam ခနတော့ငေးမောမိသည်..(Teu-day က mamoပုံလေးမြင်ယောင်ကြည့်ပါ)
ချောလိုက်တာ သူမြင်ဖူးသမျှထဲမှာအချောဆုံးပဲ...
အဲ့လူသားရဲ့ခြေလှမ်းတွေကပဲ ညင်သာလွန်းတာလား...Yedamကပဲအာရုံမရှိတာပဲလားတော့မသိဘူး..အဲ့လူသားသူ့နားရောက်လာတာတကယ်မသိလိုက်ဘူး...
"ဘယ်သူလဲမသိဘူး"
"ကိုယ်ဘယ်သူလို့ေပါက်စထင်လဲ"
"မသိလို့မေးနေတာပေါ့ဗျ"
"ဟုတ်ပါပီ ပေါက်စရယ် ..ကိုယ့်နာမည်က Mashiho "
"အော် ...ကျွန်တော်ကို Bang Yedam...ဒါမှမဟုတ် Yedam ..Yedamie အဲ့3ခုထဲကြိုက်ရာနဲ့ခေါ်နိုင်တယ်""မခေါ်ချင်ဘူးရော်..ကိုယ်က ပေါက်စကိုေပါက်စပဲခေါ်ချင်တာ"
"ကျွန်တော်မှ ပေါက်စမဟုတ်တာ ...ကျွန်တော့်အသက် ၁၅နှစ်ရှိနေပီဗျ"
"ကိုယ်နဲ့ယှဉ် ရင်မင်းအသက်ကေပါက်စအရွယ်ပဲလေ "
"ခင်များက ဘယ်လောက်မို့လဲ"Bang Yedamရဲ့နှုတ်ခမ်းစူရင်း ဆူကောက်ကောက်အမေးကို Mashihoဆိုသူက အသာပြုံးသည်...သူ့အပြုံးကရူးလောက်တယ် လူသားတစ်ယောက်ရဲ့ချောမောနိုင်စွမ်းထက်ကျော်လွန်လို့နေသည်...
![](https://img.wattpad.com/cover/307020676-288-k832973.jpg)