Americano

938 49 10
                                    

Doyoung Pov:

​နေ့ရက်သစ်တစ်ခုစတင်လာခဲ့ပီ...
Doyoung က​တော့အပူအပင်ကင်းစွာအိပ်လို့​နေတုန်း!

*oh oh oh oh oh oh oh oh
Na na na na  na now
Oh oh oh oh oh
I'm gonna be your boy*

အဆုံးသတ်သွားတဲ့alarm သံ​လေးပြန်မစမီ..Doyoung အိပ်ရာကထလိုက်သည်...

၇နာရီ..သူအိပ်ရာထဲက‌ေနထကာ..ပုံမှန်လုပ်​ဆောင်​နေကြအလုပ်တာဝန်​တွေကိုထမ်း​ဆောင်ရ​တော့မယ်...

ပြင်ဆင်ရမည်တို့ကိုပြင်ဆင်ပီး..မနက်စာစားလိုက်သည်..ဒီ​နေ့လဲ​ပေါင်မုန့်မီးကင်နဲ့ပဲနို့တစ်ခွက်...နွားနို့မကြိုက်သူဖြစ်တာ​ကြောင့်အမြဲပဲနို့သာ​သောက်​လေ့ရှိသည်...

မနက်စာစားရင်း..ဒီနေ့အလုပ်တာဝန်တို့ကိုစဥ်းစားမိပြန်​တော့သက်ပြင်းတစ်ခုမှုတ်ထုတ်လိုက်မိ၏..ကိုယ့်ကိုကုိယ်အား​ပေးရင်းစားပီးသွားတဲ့ပန်းကန်တို့ကို​ဆေးလိုက်သည်..

ပီး​နောက်..လွယ်အိတ်ယူကာ​ကျောင်းဆီသို့ဦးတည်ခဲ့လိုက်သည်..အိမ်တံခါးပိတ်ပီးပီးချင်း..Momဆို​သောcontact ​လေးဆီသို့နှိပ်လိုက်၏...

​စောင့်​နေတယ်ထင်ပါရဲ့...တန်းကိုင်​လေသည်..
"​မေ​မေ..ကျွန်​တော်​ကျောင်းသွား​နေပီ..."
"မနက်စာဘာစားခဲ့လဲသား​လေး"
"ထုံးစံအတိုင်း​ပေါင်မုန့်မီးကင်နဲ့ပဲနို့​ပေါ့.."
"​အေးပါ​အေးပါ..ဗိုက်ဝ​အောင်လဲစား​အုံးနော်"

Doyoung တစ်ချက်ရီမိသည်..​မေ​မေကသူ့ကိုသိပ်ချစ်မှန်းသိပါသည်

"စိတ်ချပါဗျာ"
"ကဲကဲသား​လေးဂရုစိုက်သွားအုံး..ဒီ​နေ့လဲFighting "
"Nae  saranghaeyo"
"ငချွဲ​လေး"

Doyoung လဲအသံထွက်​အောင်ရီမိရင်းဖုန်းချလိုက်သည်..ဖုန်းမချခင်​မေ​မေရီသံအပြင်​ဖေ​ဖေ့ရီသံပါကြားလိုက်သည်..​မေ​မေတို့ရယ်သံ​တွေဖြင့်Doyoung မနက်ခင်း​လေးက​တော့လှပခဲ့​လေပီ

Doyoung ​မေ​မေနဲ့​ဖေ​ဖေကအန်းဒုံမှာ​နေကြသည်..Doyoung က​တော့​ကျောင်းတက်ရင်းseoulမှာ​နေသည်...တစ်ဦးတည်း​သောသားမို့အလိုလိုက်ခံထားရသူပင်...

အထက်တန်းပီး​တော့သူ့​ရွေးခြယ်မှုကိုလဲ​လေးစား​ပေးခဲ့ကြသည်...

TREASURE One shots & Short stories Where stories live. Discover now