Raindrops, Snowflakes & Umbrella

735 34 7
                                    

သူကျွန်​တော့်ဘဝထဲကိုစပီးဝင်လာတုန်းကမိုး​ရေစက်​‌ေတွရယ် ထီးကလေးတစ်ချောင်းရယ်...

မိုး​တွေရွာ​နေတဲ့​နေ့ရက်တစ်ခုမှသူနဲ့စတင်​တွေ့ခဲ့တာ​ပေါ့....

လွန်ခဲ့တဲ့9နှစ်...

အထက်တန်း​ကျောင်းသားအရွယ်Jihoonတစ်​ယောက်bus stopမှာ ခပ်သည်းသည်ကျနေတဲ့မိုးကြောင့်အခက်ကြုံလို့​နေခဲ့သည်..

မိုးကစဲအရိပ်အ​ယောင်မရှိ..ထီးလဲမပါ...စာအုပ်​တွေနဲ့ဆို​တော့မို​းရေထဲ​ပြေးသွားဖို့လဲအဆင်မ​ပြေ..အိမ်ကလဲ​ဝေး​နေ​သေးတယ်...

Jihoon တွေးရခတ်နေစဥ်.။..ကျွန်‌ေတာ့်အနားကိုလူတစ်​ယောက်​ရောက်လာသည်...

​နွေး​ထွေးတဲ့မျက်ဝန်း​တွေနဲ့ကျွန်​တော့်ကိုစိုက်ကြည့်ပီး...အိမ်ကဘယ်​နေရာမှာတုန်း​မေး​လေရာ..ကျွန်​တော် ​ပြောပြလိုက်​တော့လမ်းတူသည်ဆိုကာအတူတူပြန်ဖို့​ပြောလာတယ်..
ကျွန်​တော့်မှာထီးမပါမှန်းသိ​နေသည့်ပုံ...
ကျွန်​တော်လဲဒီအတိုင်းဆက်​နေရင်ဖျား​တော့မှာမှန်းသိ​နေလို့အဲ့လူသားနဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်၏...ခုမှစတွေ့တဲ့ လူတစ်ယောက်ကိုယုံကြည်သင့်လား...?

ဘယ်သူထင်ခဲ့မှာလဲ..အဲ့လူသားကကျွန်​တော် 27နှစ်အရွယ်ထိ..နှလုံးသည်းပွတ်မှာအမြတ်တနိုး​ရေထိုးထားတဲ့နာမည်ရဲ့ပိုင်ရှင်ဖြစ်​နေမယ်ဆိုတာ...
နာကျင်​စေခဲ့တာ​တောင်မမုန်းနိုင်ပဲချစ်​နေရသူဖြစ်လို့​နေမယ်ဆိုတာ​လေ...

သူနဲ့ပထဆုံးအကြိမ်​တွေ့ဆုံခဲ့ခြင်းကနှလုံးသားအနက်ရှိုင်းဆုံး​နေရာမှာခုချိန်ထိထင်ရှားစွာသရုပ်​ပေါ်​နေတုန်းပါ..

​နောက်တစ်​နေ့ကျ..စတိုးဆိုင်လေးမှာရေခဲမုန့်စားစားနေရင်းအဲ့ဒီလူသားနဲ့ပြန်​တွေ့ခဲ့တယ်..

အဲ့လူသားက​တော့Americanoတစ်ခွက်နဲ့...
အဲ့လူသားကိုကျွန်​တော်ခေါ်လိုက်​တော့အဲ့ဒီလူသားကကျွန်​တော့်အနားကိုလာထုိင်ခဲ့၏...

ပီး​တော့အဲ့လူသားကသူ့ကုိယ်သူမိတ်ဆက်ခဲ့တယ်...

Kim Junkyu...

ကျွန်​တော်အမြတ်တနိုး​ခေါ်တဲ့နာမ်စားက​တော့အကိုတဲ့..

အကိုကကျွန်​တော်နဲ့တစ်လမ်းထဲမှာ​နေတာ...
​ပြောင်းလာတာမကြာ​သေးဘူးတဲ့...

TREASURE One shots & Short stories Where stories live. Discover now