Guardian

746 43 0
                                    

ကျော်ကြားထင်ရှားတဲ့Excelenteဆို​သောကုိယ်ပိုင်အထက်တန်း​ကျောင်းကြီး...

ကြီးမြင့်လွန်းတဲ့​ကျောင်းလခ​တွေ​ကြောင့်ကြောင့်​တော်ရုံလူမမှန်းနိုင်တဲ့​ကျောင်း..

Masahihoအဲ့ဒီ​ကျောင်းမှာscholarship နဲ့ဝင်ခွင့်ရခဲ့သည်...

Korea မှာတစ်​ယောက်တည်း​ကျောင်းလာတက်​နေရသူမို့..ခက်ခဲမှု​တွေကအပြည့်ရှိ​​လို့နေသည်

ဒီ​နေ့လဲခက်ခဲမှု​တွေကိုအားတင်းရင်ဆိုင်အုံးမည်လို့စိတ်ဆုံးဖြတ်ပီး..မနက်စာဆက်လက်ချက်ပြုတ်လိုက်သည်...

ကိုယ်တိုင်လုပ်ထားတဲOmuriceကိုစားပီးတာနဲ့..​ကျောင်းသို့ထွက်လာခဲ့လိုက်၏...

လူချမ်းသာ​တွေသာ​နေနိုင်တဲ့ဒီ​ကျောင်းမှာmashiလိုသာမာန်လူတန်းက​တော့တစ်​ယောက်နှစ်​ယောက်သာ...

​နောက်ဆုံး​ပေါ်ကားအလျှိုလျှိုနဲ့​ရောက်လာကြတဲ့​ကျောင်းသား​ကြားမှာmashiတစ်စုံတစ်​ယောက်ကိုရှာ​ဖွေ​နေမိသည်...

Park Jihoon...Mashihoသိပ်ချစ်ရတဲ့လူသား...

အဲ့လူသားက​ကျောင်းကKing​လေ..
ပီး​တော့သူကဒီ​ကျောင်းပိုင်ရှင်ရဲ့သား...
​​ဘေးနားမှာပတ်လည်ဝိုင်း​နေတဲ့မိန်းက​လေး​တွေဆိုတာအဖွဲ့အစည်း​တောင်​ထောင်လို့ရလောက်တယ်

Mashihoပထမဆုံး​ကျောင်းစတက်တဲ့​နေ့ကအခန်းရှာရင်းသူ့ထက်တစ်နှစ်ကြီးတဲ့စီနီယာအတန်းနား​ရောက်သွားမိသည်...

အခန်းထဲမှာ​ဘတ်စကတ်ဘောဘောလုံးကို​မြှောက်​ဆော့နေတဲ့Jihoon Hyung...

အ​ပေါ်ကို​မော့လိုက်တဲ့အခိုက်အတန့်...ထင်ရှားစွာထွက်​ပေါ်လာတဲ့​မေးရိုးထင်းထင်း...

​ဘောလုံးကိုပြန်ဖမ်းလိုက်ပီး..နှုတ်ခမ်းတို့ကွေးရုံပြုံးလိုက်တဲ့အပြုံး...

​နောက်တစ်မျိုး​ပြောရမယ်ဆိုရင်Mashihoနှလုံးသားကို​အောင်နိုင်သွားခဲ့တဲ့အပြုံး...

"သိပ်ချစ်တာပဲဗျာ"

Mashihoအတန်းထဲ​ရောက်​တော့သူ့​နေရာမှာသူဝင်ထိုင်ရင်းစာသာလုပ်​နေမိသည်...

​ကျောင်းကအနံကြီးကွင်းကျယ်​တွေကဘယ်သူမှသူ့ကိုအဖက်မလုပ်ချင်ဘူး​လေ...

TREASURE One shots & Short stories Where stories live. Discover now