Zawgyi!!!
သူအသက်12နှစ်အရွယ်မှာ သူငယ်ငယ်လေးကတည်းက အမြဲတမ်းနှိပ်စက်ခံလာရတဲ့ မိဘမဲ့ဂေဟာကနေ ထွက်ပြေးလာပြီး လမ်းပေါ်မှာပဲရှင်သန်ခဲ့တယ်။
ထိုသူတွေ သူ့ကိုရှာမတွေ့စေဖို့ ကျောင်းကိုတောင်ဆက်မတက်တော့ဘဲ ဘဝအသစ်မှာပဲ နေထိုင်ခဲ့တယ်။
သူကပေါ့ပါးဖျက်လက်လျင်မြန်ပြီးတော့ လမ်းတွေကြားမှာပဲ သူ့နာမည်သစ်ကို ဖန်တီးခဲ့တယ်။သူက လူတိုင်းဆီကနေ ပစ္စည်းခိုးနိုင်ပြီး တစ်ခါမှအဖမ်းမခံရပေ။သာမန်လူတွေနေထိုင်တဲ့ ကမ္ဘာနဲ့ ပိုက်ဆံတွေ အာဏာတွေကအုပ်ချုပ်နေတဲ့ အရိပ်ကမ္ဘာဆိုပြီး အရမ်းကွဲပြားတဲ့ ကမ္ဘာနှစ်ခုရှိကြောင်း သူငယ်စဉ်ကတည်းက သိလာခဲ့ရသည်။
အရိပ်ကမ္ဘာက သူ့ကမ္ဘာဖြစ်ပြီးတော့ ဒီနေရာမှာ အရည်အချင်းရှိတဲ့လူတွေနဲ့ ပိုက်ဆံအတွက်ဘာမဆိုလုပ်ဖို့အသင့်ရှိနေတဲ့ လူတွေက ဒီကမ္ဘာကအုပ်ချုပ်သူတွေထက်တောင် စွမ်းအားကြီးနေသေးသည်။အသက်18နှစ်အရွယ်သူက အရိပ်ကမ္ဘာကအတော်ဆုံးလုပ်ကြံသတ်ဖြတ်ရေးသမားငါးယောက်ထဲမှာ ပါဝင်လာပြီး သူစိတ်ကူးထားတာထက်ပိုတဲ့ ကြွယ်ဝချမ်းသာမှုတွေရရှိခဲ့သည်။
သူအသက် 25နှစ်မှာတော့ သူကအတော်ဆုံးလူသတ်သမားဖြစ်လာပြီး ကိုယ်ပိုင်နိုင်ငံငယ်လေးကိုတောင် တီထွင်လိုက်သေးသည်။
သူအသက်28နှစ်လည်းရောက်ရော အရမ်းစွမ်းအားကြီးလာတာကြောင့် အုပ်ချုပ်သူတွေအတွက် မျက်စိစပါးမွေးစူးစရာဖြစ်လာပြီး သူ့ကိုသတ်ခိုင်းခဲ့ကြသည်။
အရိပ်ကမ္ဘာက နိုင်ငံရေးသမားတွေ စစ်တပ်အရာရှိတွေတောင်မှ သူ့အသက်ကိုလိုချင်နေကြသေးသည်။
ကွန်ရက်တွေရဲ့ကျေးဇူးကြောင့် ငါးနှစ်ကြာအောင် သူလွတ်မြောက်ခဲ့ပေမဲ့ လုံခြုံပြီလို့တွေးလိုက်တိုင်းမှာ သူတို့တွေက အမြဲသူ့ကိုရှာတွေ့သွားကြတယ်။
ဒီလိုနဲ့တစ်နေ့ လူတိုင်းက ဆန့်ကျင်လာမဲ့နေ့နောက်ဆုံးတော့ရောက်လာခဲ့တယ်။တစ်ချိန်လုံး အကောင်းဆုံး လုပ်ကြံရေးသမားဖြစ်တဲ့ သူက နောက်ဆုံးတော့ အသတ်ခံခဲ့ရတယ်။သူ့ဘဝကျရှုံးသွားပြီးတဲ့နောက်မှာတော့ အကယ်၍အခွင့်အရေးတစ်ခုသာထပ်ရှိခဲ့မယ်ဆိုရင် သူပိုပြီးစွမ်းအားကြီးလာရမယ်လို့ သံန္နိဌာန်ချလိုက်တယ်။ နောက်တစ်ကြိမ်သူ့ကိုမဖမ်းမိနိုင်တော့တဲ့အထိ စွမ်းအားကြီးလာပြီး ဒီလိုမျိုး ဝရမ်းပြေးဘဝမှာဘယ်တော့မှ နေမှာမဟုတ်တော့ပေ။

YOU ARE READING
အစွမ်းထက်တဲ့မှော်System!!(Myanmar translation)
ActionThis story is not mine. Just for fun translation. All credits to original author,translator and publisher. Photo crd to Pinterest. Thanks for reading. Hope you enjoy!!!