Description...

755 28 1
                                    

Unicode!!

သူသည် တစ်ချိန်လုံး ကမ္ဘာ့အတော်ဆုံးလုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ခဲ့ပြီး နောက်ဆုံး သူအသတ်ခံရသောအခါ နတ်ဘုရားမတစ်ပါးသည် သူ၏ဝိဉာဉ်ကို
ယခုအချိန်တွင် အားနည်း‌ေနသော်လည်း နောက်တွင် အင်အားကြီးမားသည့်မှော်ဆရာတစ်ဦးဖြစ်လာမည့် အခြားကမ္ဘာမှ ကောင်လေးတစ်ယောက်ထံ ကူးပြောင်းပေးခဲ့သည်။

ဒီကောင်လေးကို Kevin လို့ခေါ်ပြီး သူမည်သူဖြစ်‌ေကြာင်းအချက်အလက်တွေကိုတော့ သူ့ရဲ့မှတ်ဉာဏ်ထဲမှာပဲ သိမ်းထားဖို့ ဆုံးဖြတ်ခဲ့တယ်။
သူနှင့်ထို‌ေကာင်‌ေလး တူညီသောအရာမှာ သူတို့နှစ်ဦးစလုံးသည် မိဘမဲ့များဖြစ်ကြသော်လည်း Kevin သည် ပျော့ညံ့သောစိတ်နှင့် အားနည်း‌ေသာခန္ဓာကိုယ်ရှိပြီး အတိုချုပ်ပြောရလျှင် သူအမုန်းဆုံးအရာအားလုံး ထို‌ေကာင်‌ေလးထံတွင်ရှိသည်။

သူသည် မှော်ဆရာတစ်ယောက်အဖြစ် နေမင်းဂိုဏ်းကို အောင်မြင်စွာ ဝင်ရောက်ပြီးတဲ့အခါမှာတော့ တစ်ချိန်လုံးသူမဖွင့်နိုင်ခဲ့တဲ့ Kevinမိဘတွေဆီက အမွေရတဲ့စာအုပ်ကို ဖွင့်နိုင်ခဲ့တယ်။
ဒီစာအုပ်က သူ့မူလကမ္ဘာမှာ ကစားလေ့ရှိတဲ့ ဂိမ်းတွေလိုမျိူး အဆင့်တက်နိုင်တဲ့ Systemတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့ သူအံ့အားသင့်သွားခဲ့ရတယ်။

ဒီစနစ်ရဲ့အကူအညီနဲ့ သူ့ရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်ပြီးတော့ ဒီကမ္ဘာမှာ စွမ်းအားအကြီးဆုံးလူသားဖြစ်လာပြီး ပုံပြောင်းသူတွေနဲ့ နတ်ဆိုးတွေတောင်မှ သူ့ကိုထိခိုက်ဖို့လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပေ။

..................................................................................

Kevinက ထိုသူ့ဘက်ကိုလှည့်ကြည့်တဲ့အခါမှာ အခုထိအဝတ်ဗလာဖြစ်နေသေးတာကို တွေ့ပြီး သူ့အကြည့်ကို ချက်ချင်းအဝေးပို့လိုက်တယ်။
"အရင်ဆုံး အဝတ်ဝတ်လိုက်။ပြီးမှ ငါတို့တွေ စကားပြောကြတာပေါ့။"

Axelသည် လျော့ရဲနေတဲ့ဝတ်စုံအချို့ကိုတွေ့ပြီး ချက်ချင်းဝတ်လိုက်ကာ သူ့လက်ဖျံထက်အနည်းငယ်တိုတဲ့အသွားပါတဲ့ဓားမြှောင်တစ်စံုကိုယူလိုက်တယ်။
ထို့နောက် Kevinထံချဉ်းကပ်ပြီး အနောက်ကနေ သိုင်းဖက်လိုက်တယ်။
Kevinက သူလုပ်ချင်တာမှန်သမျှကို လုပ်ခွင့်ပေးထားတယ် ။ထိုသူ့လက်ထဲက ဓားမြှောင်တစ်ချောင်းက သူ့လည်မျိုနဲ့အရမ်း နီးကပ်နေတာတောင်မှပေါ့။

အစွမ်းထက်တဲ့မှော်System!!(Myanmar translation)Where stories live. Discover now