Part 1.2

118 16 1
                                    

Unicode!!!

သူနိုးလာတဲ့အချိန်မှာ ခံစားရတဲ့ ပြင်းထန်တဲ့နာကျင်မှုကြီးက သူ့ခေါင်းကိုဆုတ်ဖြဲနေသလိုပင်။
ပထမအချက်အနေနှင့် ဒီခန္ဓာကိုယ်ပိုင်ရှင်၏ ရုတ်တရက်သေဆုံးမှုက သူ့ခေါင်းကိုထိုးနှက်နေသည်။ဒုတိယအနေနှင့် ဒီခန္ဓာပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေက ခေါင်းထဲထိုးဝင်လာသည်မှာ ငရဲကျသလိုနာကျင်မှု ခံစားနေရသည်။

သူ့ရဲ့နာမည်ကတော့ Kevin။သူနှင့်တူသည်က ဒီလူငယ်လေးသည်လည်း မိဘမဲ့တစ်ယောက်ဖြစ်သည်။သူက အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသည်နှင့် မိဘမဲ့ဂေဟာမှ နှင်ထုတ်ခံရပြီး နေမင်းဂို္ဏ်းမှ ဂိုဏ်းသားစုဆောင်းရေးနေရာကိုသွားခဲ့သည်။ဒါပေမဲ့ လမ်းမှာ သတိမထားမိတဲ့အခိုက်အတန့် တစ်စုံတစ်ယောက်နဲ့ဝင်တိုက်မိပြီး အဲ့ဒီလူက အရပ်ရှည်ပေမဲ့ အားနည်းပုံရတဲ့သူ့ကို အနိုင်ကျင့်ရန်အကြံဖြင့် လမ်းကြိုလမ်းကြားထဲခေါ်သွားခဲ့ကာ ပစ္စည်းဥစ္စာများလုယူရင်း ရက်ရက်စက်စက်နှိပ်စက်ရန် ယုတ်မာသောအကြံရှိနေသည်။

အနိုင်ကျင့်လုယက်သူက Kevinကိုတွန်းလိုက်တော့ ကယ်ဗင်ရဲ့ခေါင်းက နံရံနဲ့တိုက်မိသွားသည်။အနိုင်ကျင့်သူကတော့ ကယ်ဗင့်ဆီမှ ပစ္စည်းများလုရန် မစောင့်နိုင်တော့ပုံပင်။

ကောင်းပြီ‌ေလ။ဒီကိစ္စတွေကို သူ့လက်နဲ့ဖြေရှင်းဖို့အချိန်တန်ပြီ။သူထလိုက်ကာ အဝတ်တွေကိုဖုန်ခါပြီး ခေါင်းပေါ်ကအနာကိုစမ်းကြည့်မိတော့ သွေးထွက်လွန်နေပံု‌ေပါ်သည်။

သူကအနိုင်ကျင့်လုယက်သူအား...
"ငါ့ရဲ့မှော်အိတ်ကိုပြန်ပေးပြီး မင်းရဲ့အိတ်ကိုလည်းပေး။မင်းသာ ကောင်းကောင်းမွန်မွန်နာခံမယ်ဆိုရင် မင်းအသက်ကိုချမ်းသာပေးမယ်။အဲ့လိုမှမဟုတ်ရင် ငါဘာကိုမှအာမမခံနိုင်ဘူး။ဒီလိုကြမ်းတမ်းတဲ့နေ့‌ကိုကျော်ဖြတ်နေရလို့ ငါ့ရဲ့စိတ်အခြေအနေကတော့ မကောင်းတာအမှန်ပဲ။"

လုယက်သူကတော့ လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က သူ့ရှေ့ရှိ နုနယ်အငိုသန်သောကလေးဘယ်ရောက်သွားတာလဲဟု အံ့ဩနေသော်လည်း အရမ်းအများကြီးမတွေးခဲ့ပေ။

အစွမ်းထက်တဲ့မှော်System!!(Myanmar translation)Where stories live. Discover now