Part 3.1 (Unicode)

71 10 0
                                    

ထိုလူက သူ့ကိုဆက်ပြော‌ရန်ညွှန်ပြနေသောကြောင့် သူဆက်ပြောလိုက်သည်။

"ဒီတိုင်းတာတဲ့ကိရိယာက ဝိဉာဏ်အားကို စမ်းသပ်ဖို့ဖြစ်ပြီး ဒီcrystalဘောလုံးက ကျွန်တော်တို့ ဘယ်ကိရိယာနဲ့သင့်တော်လဲဆိုတာ စမ်းသပ်ဖို့ဖြစ်ရမယ်။"

ထိုလူကခေါင်းညိမ့်ပြီး ဆက်ပြောသည်။

"အမှန်ပဲ။မင်းရဲ့ဆက်စပ်တွေးတောနိုင်စွမ်းကတော့ ကောင်းမွန်တာပဲ။ကဲ Kevin အခုတော့ အလုပ်ကိစ္စအကြောင်းပြောကြတာပေါ့။"

Kevinလှောင်ပြုံးပြုံးလိုက်သည်။ဒီစမ်းသပ်မှုရဲ့ ရလဒ်ကိုသိရဖို့ မစောင့်နိုင်တော့ပေ။

သူစိတ်လှုပ်ရှားနေခဲ့တာ ကြာပြီ။ထိုလူကြီးက သူ့ကိုပြောသည်။

"မင်းရဲ့လက်ကို တိုင်းတဲ့ကိရိယာရဲ့ အောက်ခြေမှာရှိတဲ့ ခလုတ်အနီမှာ ထားပြီး အဲ့ကိရိယာရဲ့ထိပ်မှာရှိတဲ့ crystalဘောလုံးကို စိုက်ကြည့်ရမယ်။ဒါမှ မင်းရဲ့ဝိဉာဏ်အားကို ငါထိန်းချုပ်လို့ရမယ်။"

သူ(Kevin)လည်းခိုင်းတဲ့အတိုင်းလုပ်လိုက်တော့ တိုင်းတာတဲ့ကိရိယာက စတင်မြင့်တက်လာသည်မှာ သူ့ကမ္ဘာက သာမိုမီတာဟောင်းနှင့်ပင် တူနေသည်။

အများဆုံးရောက်ရှိနိုင်တာက တစ်ထောင်ဖြစ်ပြီး တိုင်းတာသည့်ကိရိယာက တစ်ရာ့ရှစ်ဆယ်တွင်ရပ်သွားသည်။

အဲ့ဂဏန်းတွေက ဘာကိုဆိုလိုလဲသူမသိပေမဲ့ သူ့မှာသာ ဝိဉာဉ်အားရှိရင်...ဆိုလိုတာက သူမှော်ဆရာဖြစ်နိုင်တယ်မလား...?

သူသည်အဆုံးထိဘာတုံ့ပြန်မှု မှမရှိသော လူကြီးကိုကြည့်လိုက်သည်။

အဲ့ဒီနောက် ထိုလူက သူ့ကိုပြောလာသည်..

"Kevinမင်းရဲ့လက်တွေကို crystalဘောလုံးပေါ်မှာသာ ထားလိုက်တော့။ ဒီစမ်းသပ်မှုပြီးရင် မင်းကို အားလုံးရှင်းပြမယ်"

သူလည်း လိုက်နာလိုက်ပြီး ဘယ်ဒြပ်စင်က သူနဲ့ကိုက်ညီမလဲဆိုတာ အရမ်းသိချင်နေသည်။

Crystalလုံးထဲမှာ အဝါရောင်လင်းလက်လာပြီး အဲ့ဒီနောက် တောက်ပတဲ့အပြာရောင်အလင်းတန်းနဲ့အစားထိုးခံလိုက်ရပြီး နောက်ဆုံးမှာ သူ့ရဲ့မူလအရောင်ကိုပြန်ပြောင်းသွားသည်။

သူ့ရဲ့လက်ကို ဖယ်လိုက်တော့မဲ့အချိန်မှာ လူကြီးက ရုတ်တရက်ထရပ်လာပြီး အလျင်စလိုပြောလာသည်။

"နေဦး!မင်းရဲ့လက်ကို မဖယ်လိုက်နဲ့ဦး!"

(တိုမှန်းသိပေမဲ့ နည်းနည်းလေးအပျင်းတစ်နေလို့ပါ။မီယားနဲရော🙏)

အစွမ်းထက်တဲ့မှော်System!!(Myanmar translation)Where stories live. Discover now